အသိပေးကြေညာချက်
နောက်ဆုံးရသတင်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 12, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 12, 2025
ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ (၂၃)ကြိမ်မြောက်၊ (၂၄)ကြိမ်မြောက်နှင့် (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 12, 2025
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစာများ

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။
အသိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2025

၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနသည် “ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများဥပဒေ (၂၀၁၆)”အရ ခွင့်ပြုထုတ်ပေးလျက်ရှိသည့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို လုပ်ငန်းဆောင်ရွက်သူ ပြည်သူလူထုအနေဖြင့် အချိန်ကုန်သက်သာစွာနှင့် လုပ်ငန်းများလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်စေရေး Online ကွန်ပျူတာစနစ်အသုံးပြု၍ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးနှင့် မန္တလေးတိုင်းဒေသကြီးရုံးတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်း လိုင်စင်ဆိုင်ရာကိစ္စရပ်များအနက် “လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်းနှင့်ပြင်ဆင်ပြောင်းလဲခြင်းလုပ်ငန်း”တို့ကို ၁၀.၂.၂၀၂၅ ရက်နေ့မှ စ၍ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၁.၄.၂၀၂၅ ရက်နေ့မှစတင်၍ Online ကွန်ပျူတာစနစ်အသုံးပြုကာ အပြည့်အဝ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များအား www.dotp.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။
Download