နောက်ဆုံးရသတင်းများ

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ (၆၁)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားများကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 01, 2025

၂၀၂၅ ခုနှစ်(၆၁)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့် စစ်ပညာသင်တန်းစခန်းချလေ့ကျင့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 01, 2025

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများ စခန်းချလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက် အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 01, 2025

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက် ၊ စက်တင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

အသိပေးကြေညာခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / September 30, 2025
image_latest


ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့သည့် မော်တော်ယာဉ် RC - 2874  ၏ ယာဉ်အမှတ်အား ရောက်ရှိအက္ခရာဖြင့် ဂုဏ်ပြုဈေးနှုန်းသတ်မှတ်ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာခြင်း

၁။     ဗိုလ်ချုပ်အောင်ဆန်း စီးနင်းအသုံးပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ အများ ပြည်သူလေ့လာနိုင်ရန် ပြသထားသည့် WOLSELEY ယာဉ်၏ ယာဉ်အမှတ် RC-2874 အား ရောက်ရှိအက္ခရာဖြင့် နိုင်ငံသားပြည်သူများအနေဖြင့် ဂုဏ်ယူစွာ ဂုဏ်ပြုတပ်ဆင်အသုံးပြုလိုပါက ကြိုတင်ဝယ်ယူခွင့် ရရှိစေရေးအတွက် ဂုဏ်ပြုဈေးနှုန်း သတ်မှတ်၍ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

၂။       အဆိုပါ ယာဉ်အမှတ်  RC-2874 ၏ ယာဉ်အမှတ်အား  ရောက်ရှိအက္ခရာဖြင့်  မူလနံပါတ် (1T-2874, 2T-2874, 3T-2874 စသည်ဖြင့်) ကြိုတင်ရောင်းချရာတွင် နံပါတ်ကြိုတင်ဝယ်ယူသည့် ရက်၌ ရောက်ရှိနံပါတ်အပေါ်မူတည်၍ ဝယ်ယူလိုသည့် အက္ခရာနှင့်နံပါတ်အား လက်ရှိပုံမှန် တွက်ချက် ရောင်းချသည့်ဈေးနှုန်းထက် ၁.၅ ဆ (ဥပမာ - ရောက်ရှိနံပါတ် - 9S-8647 တွင် 1T-2874 အား ဝယ်ယူပါက ပုံမှန်ဈေးနှုန်း (၈)သိန်း ဖြစ်လျှင် (၈)သိန်း x ၁.၅ ဆ = (၁၂)သိန်း) တိုးမြှင့်၍ ဂုဏ်ပြု ဈေးနှုန်းအဖြစ်  သတ်မှတ်ရောင်းချမည်ဖြစ်ပြီး  ရောင်းချရရှိငွေအား နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှတစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်(ရန်ကုန်) ပြုပြင်ထိန်းသိမ်းရေးရန်ပုံငွေသို့ ပေးသွင်းသွားမည်ဖြစ်ပါသည်။

၃။      သို့ပါ၍ အဆိုပါ ဂုဏ်ပြုနံပါတ်အား ဝယ်ယူလိုသူ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ရုံးများနှင့် ဆက်သွယ်၍ ကြိုတင်ဝယ်ယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

 

 

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023