“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 24, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အင်ဒိုနီးရှားနိုင်ငံသား ၁၀၁ ဦး၊ နမီးဘီးယားနိုင်ငံသား ခြောက်ဦး၊ သီရိလင်္ကာနိုင်ငံသားငါးဦး၊ ကင်ညာနိုင်ငံသား လေးဦး၊ အိန္ဒိယနိုင်ငံသား လေးဦး၊ တောင်အာဖရိကနိုင်ငံသား လေးဦး၊ ဇင်ဘာဘွေနိုင်ငံသား သုံးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား သုံးဦး၊ မလေးရှားနိုင်ငံသား နှစ်ဦး၊ ဘီနင်နိုင်ငံသား တစ်ဦးနှင့် ဘူရွန်ဒီနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၄ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 24, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်းတပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီ တွေ့ဆုံအမှာစကား ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 24, 2026
ကချင်ပြည်နယ်၏ အဓိကလေကြောင်းဗဟိုချက်တစ်ခုဖြစ်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်မှုမြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုလျက်ရှိသည့် မြစ်ကြီးနားလေဆိပ်အား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် FPV Suicide Drone များအသုံးပြု၍ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန် ယုတ်မာပက်စက်သော ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ဒေသခံပြည်သူများအပြင် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးကပါ လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ အဖွဲ့အစည်းအသီးသီးမှလည်း ကန့်ကွက်ရှုတ်ချလျက်ရှိကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကချင်ပြည်နယ်အထူးဒေသ(၁)၊ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဦးဆောင်ကော်မတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီတို့ကလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အောက်ပါအတိုင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 24, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၄
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ပါသည်။
ဖြစ်စဉ်အမှန်မှာ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက်ပြီး စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှု စစ်ဆေးခြင်း(၂)ကြိမ်၊ နှစ်ဝက်ဆုံး တတ်မြောက်မှု စစ်ဆေးခြင်း(၁)ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၄၀)ဦး စုစုပေါင်း(၈၀)ဦးတို့ကိုသာ ယခုကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ပါသည်။
ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသား၊ ကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ်စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း (၃)ကြိမ်ဖြေဆိုထားသည့် အထောက်အထားများမရှိသည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်းဖြစ်ပါသည်။
ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်အပေါ် ၎င်းခရိုင်ပညာရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
