“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
နောက်ဆုံးရသတင်းများ
ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on May 21, 2026
မိုးစပါးထွန်ယက်စိုက်ပျိုးမည့် တောင်သူများအား စတုတ္ထအကြိမ် စက်သုံးဆီဖြန့်ဖြူးရောင်းချ
ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on May 21, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on May 21, 2026
ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော ကျေးလက်လမ်း/တံတားလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 21, 2026
၁။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးဌာန တင်ဒါကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ညွှန်ကြားချက် ၁/ ၂၀၂၂ နှင့်အညီ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များတို့၏ တင်ဒါလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ တွေ့ကြုံရသော အခက်အခဲများ ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ “ပြည်သူအတွက် လိုအပ်သော အကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ်တွင် တင်ဒါလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ/ အဖွဲ့အစည်းများမှ အောက်ဖော်ပြပါ မေးခွန်းများကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်-
(က) ဌာနသို့ လာရောက်စဉ် ဝန်ထမ်းများ၏ ဝန်ဆောင်မှုကို ကျေနပ်မှုရှိပါသလား၊
( ခ ) လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ၊ အဆင်မပြေမှု ရှိပါသလား၊
( ဂ ) စာရွက်စာတမ်း၊ ငွေသွင်း/ငွေထုတ် အဆင်ပြေမှု ရှိပါသလား၊
(ဃ) ဝန်ထမ်းများအား တံစိုးလက်ဆောင် တစ်စုံတစ်ရာ ပေးအပ်ရခြင်း ရှိပါသလား၊
( င) တင်ဒါကိစ္စလုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန် ထပ်မံ အကြံပြု ချက်များ ရှိပါသလား။
၂။ ကုမ္ပဏီ/ အဖွဲ့အစည်းများ၏ ဖြေကြားချက်များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဖုန်းအမှတ် ၀၆၇- ၄၁၀၀၂၈, ၀၆၇-၄၁၀၅၇၆ သို့လည်းကောင်း၊ e-mail လိပ်စာ contact@mcrd.gov.mm သို့လည်းကောင်း ဆက်သွယ်၍ ဖြေကြားချက်များကို ပြန်လည်ပေးပို့နိုင် ပါကြောင်းနှင့် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
