CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
နောက်ဆုံးရသတင်းများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 22, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 22, 2026
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် မိုးဗြဲဒေသတဝိုက်နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။

သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
DownloadCrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / July 19, 2024
၁။ မကြာသေးခင်က ထွက်ရှိခဲ့သော CrowdStrike Falcon Sensor ၏ Update ကြောင့် နိုင်ငံတကာရှိ ထောင်နှင့်ချီသော Windows စနစ်သုံးကွန်ပျူတာများသည် စက်ဖွင့်ချိန်တွင် Blue Screen of Death (BSOD) Error ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတကာရှိ CrowdStrike Falcon ဆော့ဖ်ဝဲလ် အသုံးပြုသော ဘဏ်များ၊ လေကြောင်းလိုင်းများ၊ ရုပ်သံထုတ်လွှင့်ရေးနှင့် အရေးပေါ်ဝန်ဆောင်မှုအချို့တွင် လုပ်ငန်းဆောင်တာ ရပ်ဆိုင်းမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
၂။ CrowdStrike အနေဖြင့် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ရန် Patch ဖိုင်ကို ထုတ်ပေးပြီး ဖြစ်သော်လည်း Windows ကို ပုံမှန်အတိုင်း ဝင်ရောက်နိုင်ခြင်း မရှိသေးသောကြောင့် IT Administrator များအနေဖြင့် BSOD Error အား ဖြေရှင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-
(က) Windows အား Safe Mode သို့မဟုတ် Windows Recovery Environment အနေအထားဖြင့် Boot ပြုလုပ်ရမည်။ (Hirens Boot CD ဖြင့်လည်း Boot ပြုလုပ်နိုင်ပါသည်။)
(ခ) Windows တက်လာသော် C:\Windows\System32\drivers\CrowdStrike Folder ရှိရာသို့ သွားပါ။
(ဂ) ထို့နောက် CrowdStrike Folder အောက်တွင် C-00000291*.sys ဟု ရှာပြီး ကိုက်ညီသော ဖိုင်များအားလုံးကို ဖျက်ပစ်ပါ။
(ဃ) ဖိုင်များအား ဖျက်ပြီးသောအခါ Windows အား ပုံမှန်အတိုင်း Reboot ပြုလုပ်ပါ။
၃။ အထက်ပါအကြံပြုချက်များသည် ဗိုင်းရပ်စ်နှိမ်နှင်းရေးပရိုဂရမ်ဖြစ်သည့် CrowdStrike Falcon ကို သုံးစွဲသူများအတွက်သာဖြစ်ပြီး အခြားသော ဗိုင်းရပ်စ်နှိမ်နှင်ရေးပရိုဂရမ် သုံးစွဲသူများအနေဖြင့် အကြံပြုချက်များအား လုပ်ဆောင်ရန် မလိုအပ်ပါကြောင်း သတိပေးကြေညာအပ်ပါသည်။
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန