နောက်ဆုံးရသတင်းများ

ပညာရေး၊အသက်မွေးဝမ်းကျောင်း၊ယဉ်ကျေးမှု၊အားကစားကဏ္ဍများဖြင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ / Posted on July 03, 2024

ပညာရေး၊အသက်မွေးဝမ်းကျောင်း၊ယဉ်ကျေးမှု၊အားကစားကဏ္ဍများဖြင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်ပေး

အကြမ်းဖက်သောင်းကျန်းသူများက လားရှိုးမြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 03, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများက ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၃)အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၂)နှစ်နှင့် (၁၄)နှစ်အရွယ် ကလေး ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

PDF အမည်ခံ အကြမ်းဖက်သမားများက အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ် 

ပြည်ထဲရေးဝန်ကြီးဌာန / Posted on July 03, 2024

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ............

သတင်းစာများ

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇူလိုင် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇူလိုင် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇူလိုင် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

မသိသူကျော်သွား သိသူဖော်စား လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ


အလုပ်သမားဝန်ကြီးဌာန/ ရုံးအမှတ် ၅၁ ၊ နေပြည်တော် / July 01, 2024


၂၀၂၄ ခုနှစ်၊ ဧပြီလဆန်းမှစတင်၍ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ်၊ ၂၀၂၁-၂၀၂၃ ခုနှစ် (Handbook on Human Resources Development Indicators, 2021-2024 – HRDI) အား ထုတ်‌ဝေ‌ဖြန့်ချီ လိုက်ပြီဖြစ်ပါတယ်။ စာအုပ်ထွက်ရှိမှာကို စောင့်မျှော်နေကြသူများ၊ အညွှန်းကိန်းအသုံးပြုနေကြ သူများ (user) များက သိရှိပြီးဖြစ်သော်လည်း မသိရှိသေးသောသူများအတွက် သိရှိစေရန် မျှ‌‌‌ဝေ ပေးခြင်းဖြစ်ပါတယ်။

လွန်ခဲ့သော တစ်လခန့်က ထိုင်းနိုင်ငံ၊ Khon Kaen မြို့မှာရှိတဲ့ Mekong Institute မှာ Regional Cooperation Training တက်နေတဲ့ ကျွန်မရဲ့ မိတ်ဆွေက နိုင်ငံအလိုက် မိမိနိုင်ငံ အကြောင်း Presentation ပြုလုပ်ရမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ Data များကို ရှာဖွေရာမှာ ပေးထားတဲ့အချိန်ကလည်းနည်း၊ အခြားသင်ခန်းစာတွေလည်းရှိ၊ စာရှာချိန်မရဘူးလို့ Online ကနေ စကားပြောရင်း ညည်းပြနေတာနဲ့ ကျွန်မက “ငါတို့နိုင်ငံရဲ့ လူစွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း (၆၂) ခုရဲ့ အချက်အလက်ကိန်းဂဏန်း Data တွေ (၆) နှစ်စာပါရှိတဲ့ လူစွမ်းအားဖွံ့ဖြိုးမှု အညွှန်း ကိန်းများ လက်စွဲစာအုပ်ဖတ်ကြည့်လိုက်၊ အဲ့ဒီစာအုပ်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ကိန်းဂဏန်းစတဲ့ အချက်အလက်တွေကို (၆) နှစ်စာ ဖော်ပြထားတယ်။ အဲ့ဒီအချက်အလက်တွေနဲ့ နင် Presentation  ပြောလို့ လွယ်သွားပြီလို့” အကြံပြုလိုက်ပါတယ်။ မကြာခင်မှာ Presentation အောင်မြင်စွာပြီးစီးကြောင်း၊ ကျွန်မကို ကျေးဇူးတင်ကြောင်း၊ သူ့ရဲ့ Presentation မှာ Reference အဖြစ် ၂၀၂၀-၂၀၂၁ ခုနှစ်၊ HRDI စာအုပ်ရရှိနိုင်သည့် ကျွန်မတို့ ဝန်ကြီးဌာန Website လိပ်စာ www.mol.gov.mm ကို ထည့်သွင်းဖော်ပြပေးခဲ့ကြောင်း၊ အခြားမဲခေါင်နိုင်ငံများမှ သင်တန်းသား တွေလည်း သူမရဲ့ Presentation ကို စိတ်ဝင်စားကြကြောင်း Message  ပို့လာခဲ့ပါတယ်။ အဲ့ဒီ စာအုပ်ကတော့ မနှစ်က (၂၂) ကြိမ်မြောက်ထုတ်ဝေခဲ့တဲ့ လူစွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ (HRDI) လက်စွဲစာအုပ် ဖြစ်ပါတယ်။

လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ (HRDI) လက်စွဲစာအုပ်ကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ရာမှာ ၂၀၂၁-၂၀၂၃ စာအုပ် ထုတ်ဝေခြင်းဟာ (၂၃) ကြိမ်မြောက်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ဒီစာအုပ်လေးဖြစ်ပေါ်လာပုံ ကို မနှစ်က (၂၂) ကြိမ်မြောက် HRDI စာအုပ်ထွက်ရှိစဉ်က သတင်းစာများမှာ ကျွန်မရေးသားခဲ့တဲ့ “စကားပြောနေသော အညွှန်းကိန်းများ” ဆောင်းပါးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပြီးဖြစ်၍ ထပ်ပြီးမဖော်ပြလိုတော့ပဲ ယခုဆောင်းပါးမှာ HRDI စာအုပ်၏ အသုံးဝင်မှုကို အလေးထား ဖော်ပြ သွားမှာ ဖြစ်ပါတယ်။

ယခင်က HRDI စာအုပ်ထုတ်ဝေဖြန့်ဝေလျှင် စာအုပ်ကို အညွှန်းကိန်း၏ ကိန်းဂဏန်းတွေ ပို့ပေးတဲ့ ဦးစီးဌာန၊ အဖွဲ့အစည်း၊ ကော်မတီများနှင့် တက္ကသိုလ်၊ စာကြည့်တိုက်များသို့သာ ပေးပို့ဖြစ်ခဲ့ပါတယ်။ ယခုနောက်ပိုင်း Digital ခေတ်မှာတော့ ဝန်ကြီးဌာန Website တွင်ပါ လွှင့်တင်ပေးထားတဲ့အတွက် ပြည်တွင်း/ ပြည်ပ ဘယ်အရပ်ဒေသကမဆို လွယ်ကူလျင်မြန်စွာ HRDI စာအုပ်အားဖတ်နိုင်ပြီး စာအုပ်ပါ Data များကို အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် အထူးဝမ်း မြောက်စရာဖြစ်ပါတယ်။ စာအုပ်၏အသုံးဝင်ပုံကို သိရှိသူများက ပြည်ပခရီးစဉ်များ၊ ပြည်တွင်း/ ပြည်ပဆွေးနွေးပွဲများနှင့် အစည်းအဝေးများတက်ရောက်သည့်အခါ HRDI စာအုပ်ကို ယခင်က ယူဆောင်သွားရလေ့ရှိပါတယ်။ ယခုအချိန်မှာတော့ မည်သည့်နေရာကမဆို ကျွန်မတို့ ဝန်ကြီးဌာန Website မှတစ်ဆင့် ကြည့်ရှုနိုင်တဲ့အတွက် Smart ဖုန်းတစ်လုံးပါရင်ပဲ အားလုံးအဆင်ပြေနေပြီ ဖြစ်ပါတယ်။ လက်စွဲစာအုပ်အဖုံးတွင် Qr Code ထည့်သွင်းထားပြီး အလွယ်တကူ Website သို့ ဝင်ရောက်လေ့လာနိုင်စေရန် ဆောင်ရွက်ထားပါတယ်။

ပုံမှန်အားဖြင့် HRDI လက်စွဲစာအုပ်မှာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သည့် အညွှန်းကိန်း (၆၂) ခု၏ (၆) နှစ်စာ ကိန်းဂဏန်းအချက်အလက်များကို ဖော်ပြပါ ရှိသော်လည်း ယခုစာအုပ်သည် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် (၆) လ ကြားကာလ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂ -၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် တစ်နှစ်လုံးအတွက်ပါပေါင်း၍ ဘဏ္ဍာရေးကာလ (၂)ခု ပေါင်း၍ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ယင်းသို့ ဘဏ္ဍာရေးကာလ (၂) ခုပေါင်း (၂၀၂၁-၂၀၂၃) ခုနှစ် ထုတ်ဝေခြင်းမှာလည်း အညွှန်းကိန်းအသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲမှာ အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများ၏ အကြံပြုချက်များအရ ပိုပြီးအထောက်အကူ ဖြစ်စေရန် ထည့်သွင်းဖော်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဝန်ထမ်းများသည် နှစ်စဉ် အဆိုပါ HRDI စာအုပ်ထုတ်ဝေနိုင်ရန် ပထမဦးစွာ စာအုပ်တွင်ပါရှိတဲ့ အညွှန်းကိန်းနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာန (၂၁) ခုအောက်ရှိ၊ ဦးစီးဌာနနှင့်အဖွဲ့ (၄၄) ခု၊ တက္ကသိုလ်/ကောလိပ် (၄) ခု၊ အသင်းအဖွဲ့ (၂) ခု၊ ကော်မတီ (၁) ခုတို့သို့ ကိန်းဂဏန်းအချက်အလက်များ တောင်းခံရပါတယ်။ ရရှိလာသော ကိန်းဂဏန်းအချက်အလက်များကို ပြုစုပြီးနောက် HRDI လက်စွဲစာအုပ် ပုံမှန်ပြုစု ထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ (Core Working Group-CWG) အစည်းအဝေး ပြုလုပ်ပြီး အစည်းအဝေးမှာ ပထမမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး၊ ညှိနှိုင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ရပါတယ်။ ဆက်လက်ပြီး စာအုပ်ထုတ်ဝေနိုင်ရေးအတွက် ဒုတိယမူကြမ်းနှင့်ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကိုတော့ CWG အဖွဲ့ဝင်များသာမကပဲ စာအုပ်ပါ အညွှန်းကိန်းနဲ့သက်ဆိုင်သော ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများက ကိုယ်စားလှယ် များပါ ဖိတ်ကြား၍ အကြံပြုချက်များ၊ ဆွေးနွေးချက်များကိုရယူပြီးနောက် ပြင်ဆင်အတည်ပြုကာ နောက်ဆုံးမူကြမ်းအား အလုပ်သမားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလ လူစုလူဝေးဖြင့် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခွင့်မရှိသည့် ကာလများ၌ပင် HRDI လက်စွဲစာအုပ်နှစ်စဉ်ထုတ်ဝေနိုင်ရေး အညွှန်းကိန်းနှင့် သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်း၊ ကော်မတီများ၊ CWG အဖွဲ့ဝင်များထံ သဘောထားမှတ်ချက် များပေးပို့၍ အကြံပြုချက်၊ ဆွေးနွေးချက်၊ ပြင်ဆင်အတည်ပြုချက်များရယူ၍ စာအုပ်ထွက်ရှိ နိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဤ HRDI စာအုပ်ပါ ကိန်းဂဏန်းများသည် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း၊ ကော်မတီ များမှ ပြုစု/တွက်ချက်ထားရှိသော အညွန်းကိန်းများ၏ အချက်အလက် ကိန်းဂဏန်းများ၊ စစ်တမ်း၊ သန်းခေါင်စာရင်းများမှ ကိန်းဂဏန်းများ ဖြစ်ကြပါတယ်။ ဒါ့အပြင် စာအုပ်တွင် အညွှန်းကိန်းနှင့် သက်ဆိုင်သော အဓိပ္ပါယ်ဖော်ပြချက်များ၊ တွက်ချက်မှုများ (Glossary, Definition and Methodology)၊ ကိန်းဂဏန်းရရှိသည့် အရင်းအမြစ်များကို အောက်ခြေမှတ်ချက် foot note များဖြင့် ခိုင်မာစွာဖော်ပြထားပြီး စာအုပ်ကို လွယ်ကူစွာအသုံးပြုနိုင်ရန် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေထားခြင်းဖြစ်ပါတယ်။

HRDI စာအုပ်တွင် မိမိတို့နိုင်ငံ၏ ဧရိယာအကျယ်အဝန်း၊ လူဦးရေပမာဏ၊ လူဦးရေ သိပ်သည်းဆများကိုလည်းကောင်း၊ မြန်မာနိုင်ငံ၏ လုပ်သားအင်အား၊ အလုပ်လက်ရှိ၊ အလုပ်လက်မဲ့၊ လုပ်သားအင်အားပါဝင်မှုနှုန်းတို့ကိုလည်းကောင်း၊ ကျန်းမာရေး ဆိုင်ရာကဏ္ဍတွင် ကျန်းမာရေးဝန်ထမ်းနှင့် လူဦးရေအချိုး၊ ဆေးရုံ၊ ဆေးခန်းအရေအတွက် အားလည်းကောင်း၊  ပညာရေးဆိုင်ရာကဏ္ဍတွင် ကျောင်းနေနှုန်း၊ ဘွဲ့ရနှင့် သက်မွေးပညာကျောင်းများ၏ သင်တန်းပြီး မြောက်သူအရေအတွက်အားလည်းကောင်း၊ စီးပွားရေးကဏ္ဍများတွင် ဂျီဒီပီ၊ ကဏ္ဍအလိုက် နိုင်ငံတော်အသုံးစရိတ်များအားလည်းကောင်း၊ အခြားကဏ္ဍများတွင် မြေယာအသုံးချမှု၊ သယ်ယူပို့ ဆောင်ရေး၊ ဆက်သွယ်ရေး၊ သတင်းနှင့်ပြန်ကြားရေးကဏ္ဍများနှင့် လူဦးရေနှင့်မော်တော်ကားစီး ရေအချိုး၊ တယ်လီဖုန်း၊ Mobile ဖုန်းသုံးစွဲသူ၊ အင်တာနက်သုံးစွဲသူအရေအတွက်၊ စာတိုက်မှ ဝန်ဆောင်မှုပေးမှု၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုအရေအတွက်များ၊ လူမှုဝန်ထမ်းဆိုင်ရာ သင်တန်းကျောင်းများ၊ စင်တာများ၊ မှုခင်းဖြစ်ပွားမှုအခြေအနေ၊ ပြည်သူလူထု၏ ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးရခြင်းအကြောင်းအရင်းများစသည့် အဓိကအကြောင်းအရာများအား အသေးစိတ် ၆ နှစ်စာ ကိန်းဂဏန်းအချက်အလက်များ ထည့်သွင်း‌ဖော်ပြထားပါတယ်။

အခြားစာရင်းအင်းနှင့်ပတ်သက်သော ဌာနများ၊ အဖွဲ့အစည်းများသည် နိုင်ငံ၏သက်ဆိုင်ရာ စာရင်းအင်းကိန်းဂဏန်းများကို နှစ်စဉ်စာအုပ်ထုတ်ဝေလျက်ရှိသော်လည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းလက်စွဲစာအုပ်သည် စာရင်းအင်း ကိန်းဂဏန်းအချက်အလက်များ ကို ၆ နှစ်စာ ဖော်ပြထားသည့်အတွက် တပြိုင်တည်း နှိုင်းယှဉ်ကြည့်ရှုနိုင်ရုံမက အလွန်အသုံးဝင် ရည်ညွှန်းကိုးကားနိုင်သော အထောက်အထားခိုင်မာသည့် စာအုပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။  စာအုပ်မှာ ၆ နှစ်စာ လူဦးရေ၊ ဖွားသေစာရင်းအင်း၊ ကျန်းမာရေးနှင့်အာဟာရ၊ ပညာရေးနှင့် လေ့ကျင့်မှု၊ လုပ်သားစာရင်းအင်း၊ စီးပွားရေး၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် မြေယာအသုံးချမှု စသည်ဖြင့် လူ့စွမ်းအားအရင်းအမြစ်နှင့်ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းများကို အခန်း အလိုက်ဖော်ပြထားပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှု အတက်အကျအနိမ့်အမြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ အနေဖြင့် ပညာရေးကဏ္ဍရှိ အညွှန်းကိန်းများကို လေ့လာကြည့်ပါက ၂၀၂၀/၂၀၂၁ ခုနှစ်တွင် ကျောင်းသားများ ကျောင်းတက်ရောက်မှု၊ ဘွဲ့ရရှိမှုအခြေအနေများသည် အရေအတွက် အလွန် နည်းပါးကြောင်း တွေ့ရမည်ဖြစ်ရာ ဘာကြောင့်ဖြစ်သလဲကို  အခြားအချိန်များနှင့် နှိုင်းယှဉ်ကြည့် ပါက ကမ္ဘာတစ်ဝန်းဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။

 အဲ့ဒါကြောင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ၆ နှစ်စာ အညွှန်းကိန်းများကို လေ့လာ၍ ဖြစ်ပျက်ခဲ့သော ဖွံ့ဖြိုးတိုးတက်မှု၊ ကျဆင်းမှုတို့ကိုသုံးသပ်ပြီး အနာဂတ်အတွက် မူဝါဒ ချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲခြင်းများကို ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဤလူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများလက်စွဲစာအုပ်၊ ၂၀၂၁-၂၀၂၃ ခုနှစ် (Handbook on Human Resources Development Indicators, 2021-2024 – HRDI) အား ဝန်ကြီးဌာနများ၊ အစိုးရဌာနဆိုင်ရာများ၊ NGO, INGOများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ ကျောင်းသားကျောင်းသူများ၊ သုတေသီများအတွက် အထူးပင်အသုံးဝင်တန်ဖိုးရှိသော စာအုပ်တစ်အုပ် ဖြစ်သဖြင့် မသိရှိသေး သောသူများအနေဖြင့် ကျော်သွားခြင်းများမဖြစ်စေရန်နှင့် အများပိုမိုသိရှိ အသုံးပြုနိုင်စေရန် မျှဝေလိုက်ရခြင်းဖြစ်ပါတယ်။

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023