ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 02, 2024
နေပြည်တော် နိုဝင်ဘာ ၂
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိသည်။
ဖြစ်စဉ်အမှန်မှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျီစု၊ ကျောက်တိုင်၊ ဝက်တိုးရွာများရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များအား PDF အမည်ခံအကြမ်းဖက်သမားများက နှင်ထုတ်၍ သာသနာ့နယ်မြေဖြစ်သော ကျောင်းဝန်းအတွင်းနှင့် စာသင်ကျောင်းများ၌ ခိုအောင်းစခန်းချကာ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများနှင့် လက်လုပ်မိုင်းမျိုးစုံတို့အား ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါရွာများအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားခဲ့သည့်မိုင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် စာသင်ကျောင်းများအတွင်း ကင်းစောင့်ခဲ့သည့်နေရာများ၊ ဘန်ကာ/ပစ်ကတုတ်များ၊ လက်လုပ်သေနတ်၊ စိန်ပြောင်း၊ မိုင်းများနှင့် လက်လုပ်များ ပြုလုပ်ရာတွင် သုံးသည့် လက်သုံးကိရိယာမျိုးစုံတို့အား ဖော်ထုတ်သိမ်းဆည်းရရှိခဲ့သည်။
ထိုသို့ ရပ်ကွက်၊ ကျေးရွာများအတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပြီး အကြမ်းဖက်သမားများ၏ လုပ်ရပ်များအား ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်၊ ဇန်နဝါရီ ၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 02, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်၊ ဇန်နဝါရီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက်၊ ဒီဇင်ဘာ ၃၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 31, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ်ကောက်ခံမည့် အမိန့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on December 27, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)
ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on December 28, 2024
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၅၀/၂၀၂၄)
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on December 24, 2024