ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ပြည်သူ့အခြေပြု ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 31, 2026


နေပြည်တော် ဇန်နဝါရီ ၃၀

ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်တွင် နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပ ပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ တက်ရောက်သည်။

ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်- ယနေ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မဏ္ဍိုင်သည် Digital Transformation ဖြစ်ပြီး AI စသော ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာများသည် အံ့မခန်း လျင်မြန်စွာ ပြောင်းလဲတိုးတက်လာနေပါကြောင်း၊မိမိတို့ နိုင်ငံတွင်လည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ အတိုင်း Agro-based Industries၊ MSMEများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝကို စဥ်ဆက်မပြတ် မြှင့်တင်ရေးတို့တွင် ဒစ်ဂျစ်တယ်နည်းပညာကို အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။ မြန်မာဒစ်ဂျစ်တယ်စီးပွားရေး လမ်းပြမြေပုံ ၂၀၃၀ ပါ သက်ဆိုင်ရာ မဟာဗျူဟာ မဏ္ဍိုင်များအလိုက် မဟာဗျူဟာပန်းတိုင်များပြည့်မီအောင် လုပ်ငန်းစဥ်များကိုသတ်မှတ်ကာလများအတွင်း ပြီးမြောက်အောင်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးကို အမှန်တကယ် အထောက်အကူပြုနိုင်ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းရည်များကို ထိန်းကျောင်းမြှင့်တင်ပေးနိုင်မည့် Digital Platform များကို တည်ထောင်သွားရန်၊ ဒစ်ဂျစ်တယ် နည်းပညာ ဆန်းသစ်ဖန်တီးမှုများကို အခြေခံသည့်  စွန့်ဦးတီထွင်‌ဂေဟရပ်ဝန်းတစ်ရပ် ပေါ်ပေါက်လာစေရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ပြည်သူ့အခြေပြု ဒစ်ဂျစ်တယ်လူ့အဖွဲ့အစည်း ဖြစ်ထွန်းလာစေရေးအတွက် စံနှုန်းပြည့်မီသော ဒစ်ဂျစ်တယ်လူငယ်ပညာရှင်များ စဥ်ဆက်မပြတ်ပျိုးထောင်ပေးသွားရန်၊  နည်းပညာအရွေ့များကို လိုက်မီသော AI ၊ Cybersecurity နှင့် Digital Citizenship သင်တန်းများ၊ Digital Ethics အသိပညာပေးပွဲများ  မြှင့်တင်ဆောင်ရွက်သွားရန်၊ ဒေသအကျိုးပြု ဒစ်ဂျစ်တယ်စီမံကိန်းများကို ဟန်ချက်ညီညီ ပေါင်းစပ်၍ နိုင်ငံ့အကျိုးပြု ဒစ်ဂျစ်တယ် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်နိုင်သည်အထိ နိုင်ငံ့စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းတို့မှ Digital Stakeholdersများ အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ အရာရှိကြီးများ၊ ပြင်ပအဖွဲ့အစည်းများဖြစ်ကြသော UMFCCI၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်း၊ Myanmar Digital Economy Association တို့မှ ဥက္ကဋ္ဌများက မဟာဗျူဟာပန်းတိုင်များ ပြည့်မီစေရေး လုပ်ငန်းစဥ်များအလိုက် ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် အစီအစဥ်များ၊ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း ပြည်ပပူးပေါင်းဆောင်ရွက်မှုများ၊ ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ် နိုင်ရေးနှင့်  AI အသိပညာပေးပွဲများ ကျင်းပသွားနိုင်ရေး၊ ကောက်ယူပြီးသော ဒစ်ဂျစ်တယ်စစ်တမ်းများနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ် အတတ်ပညာ မြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။  

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023