ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပဥ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေး


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 26, 2024


ဘားအံ -အောက်တိုဘာ (၂၆)

            ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဥ္စအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ် ကိုယ်စားပြု အားကစားသမားများစေလွှတ်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများရရှိနိုင်ရေး အားကစားနည်းအလိုက် ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊အားကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်လက်ရွေးစင်ကြက်တောင်ရိုက်အသင်း၏ စခန်းသွင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ် ကြက်တောင်အားကစားဆပ်ကော်မတီ၊ အောင်နိုင်ရေးကော်မတီတို့မှတာဝန်ရှိသူများနှင့်နည်းပြ၊အုပ်ချုပ်သူ များက စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကအားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များမေးမြန်းဖြည့်ဆည်းပေး၍ အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊အမှတ်(၁)ရပ်ကွက်၊ပဒုမ္မာလမ်းရှိ ဂျူဒို အားကစားခန်းမတွင် ဂျူဒိုအားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်နေသော အားကစားသမားများနေထိုင်စားသောက် ရေးအဆင်ပြေစေရန် စားရိပ်သာနှင့်အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအားလိုအပ်သည်များမှာ ကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဘက်စတ်ဘော အသင်း၏ စခန်းသွင်းလေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ် ကာ သက်ဆိုင်ရာအားကစားနည်းအလိုက်စခန်းသွင်းလေ့ကျင့်ရာတွင် လိုအပ်ချက်များအပေါ်အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးရန်၊ အမျိုးသားအားကစားပွဲတော်အောင်နိုင်ရေးနှင့်‌တံခွန်စိုက်ဆုဖလားရရှိနိုင်ရေး ဆပ်ကော်မတီ အသီးသီးမှပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။ 

            ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်အနေဖြင့် အားကစားနည်း ၂၃ နည်း၊ အားကစားသမားပေါင်း ၄၅၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘားအံမြို့ပေါ်ရှိ သက်ဆိုင်ရာ အားကစားကွင်း၊ အား ကစားရုံများတွင် စခန်းသွင်းလေ့ကျင့်လျှက်ရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာအားကစား ဆပ်ကော်မတီများနှင့် ဒေသခံပြည်သူများမှ လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on October 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023