ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုံရင်းတိုက်နယ်၌ ကျင်းပသည့် မြို့နယ်အဆင့်(၃)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲတက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒုံရင်းတိုက်နယ်၌ ကျင်းပသည့် မြို့နယ်အဆင့်(၃)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲတက်ရောက်
ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 20, 2026
ဘားအံ - မေ (၂၀)
မျိုးဆက်သစ်ကရင်တိုင်းရင်းသားလူငယ်များ မိမိတို့၏စာပေယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေးစားတန်ဖိုး ထားမြတ်နိုးထိန်းသိမ်းတက်စေရန်၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အစဉ်အမြဲထိတွေ့ပြီး အနာ ဂတ်တွင် ကရင်တိုင်းသားစာပေနှင့်ယဉ်ကျေးမှုကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေန် ရည်ရွယ်ကျင်းပသည့် (၃)ကြိမ်မြောက် မြို့နယ်အဆင့် ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ် ဒုံရင်းတိုက်နယ် အောက်ရေတံခွန်ကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက် ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းအခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများကျင်းပပြုလုပ်နိုင်ရန်နှင့် စာပေဘာသာစကားများဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများတိုးမြှင့်လျာထားပြီး ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာဖြင့် ယခုကဲ့သို့မိမိတို့၏စာပေကို လေ့လာသင်ယူခြင်းသည်လည်း မိမိတို့၏စကား၊စာပေ၊ယဉ်ကျေးမှုအမွေအနှစ်များကို တိုးတက်ပြန့်ပွားလာအောင် ဆောင် ရွက်ရာရောက်သကဲ့သို့ ကာကွယ်စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း၊ မိမိတို့၏စကား၊စာပေ၊အနု ပညာယဉ်ကျေးမှုအမွေ အနှစ်များ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရမည့်အပြင် မိမိတို့၏စာပေကိုလည်း တိုးတက်ပြန့်ပွားအောင် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကျင်းပရေးကော်မတီသို့ ငွေကျပ်(၁၅၀)သိန်းကို ပေးအပ်ချီးမြှင့်ရာ ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အဆင့်(၃)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲတွင် ဒုံးအက အကြိုးစားဆုံးဆုများ၊ ဒုံးအက ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့်ပဥ္စမဆု ရရှိကြသည့်ကျေးရွာများ၊ သင်တန်းစည်းကမ်း ရှိမှု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့်ကျေးရွာများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ယဉ်ကျေးမှုတံခွန်စိုက်ဆုကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က စာပေတံခွန်စိုက်ဆုကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဘက်စုံ တံခွန်စိုက်ဆုရရှိသည့် ကော့ပလံကျေးရွာကိုလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် သင်တန်းကျင်းပရေးကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဒုံးအက ပထမဆုရရှိသည့်အဖွဲ့မှ ဒုံးအကဖြင့်ပြန်လည်ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကာ ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို အောဟုအောဟှောင် (စည်းလုံးခြင်းသည်အင်အား ဟု အဓိပ္ပယ် ရသော)ကရင်တေးသီချင်းဖြင့် စုပေါင်းသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ဆရာတော်ကြီးများအား ဓမ္မစကူးစမ္မာရုံ၌ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြပြီးလှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စုရှိ ဒုံးရင်း သဘာဝစမ်းရေတံခွန်းတွင် ဇေယျာရွှေမြေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အလျား(၁၅၀)ပေ၊ အနံ(၈၈)ပေ၊ အမြင့်(၅)ပေရှိ ရေတံခွန်စတုတ္ထကန်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်သော ရေတံခွန်ပဥ္စမကန် စေတီကုန်းလူကူးတံတားတည်ဆောက်ခြင်းလုပ်ငန်း(၅၀)ပေ ဆောင်ရွက်ခြင်း လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်မျိုးလှိုင် နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့်ဘောလုံးအားကစားဝါသနာရှင်များသည် မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန် အဖွင့်ပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံး အသင်းနှင့်ရခိုင်ပြည်နယ်အသင်းတို့၏ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ဘောလုံးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ် သည့် ရွက်ပုန်းသီးဘောလုံးအားကစားသမားကောင်းများပေါ်ထွန်းလာစေရေးရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာန က ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ကာ ၂၀၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဇုန်(၄)ဇုန်ခွဲ၍ အုပ်စု ပွဲစဉ်များယှဉ်ပြိုင်ကစားလျက်ရှိရာ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်း တွင် ကျင်းပသည့် အုပ်စု(က) ပထမပွဲစဉ်တွင် ကရင်ပြည်နယ်ဘောလုံးအသင်းက ရခိုင်ပြည်နယ်ဘောလုံး အသင်းကို ၅ ဂိုး ၁ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
အုပ်စု(က)ဘားအံဇုန်တွင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက်ဘောလုံးအသင်းများပါဝင်ပြီး အဆိုပါပြိုင်ပွဲကျင်းပနေမှုကို မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု နိုင်ကာ ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ များက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ရှုံးထွက်ပွဲစဉ်များနှင့်ဗိုလ်လုပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများ တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။




သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
