ကရင်ပြည်နယ်အတွင်း ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင်ဖြန့်ဝေစိုက်ပျိုးပြီးဖြစ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 12, 2025


ဘားအံ - ဇူလိုင် (၁၂)

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း ၂၁၅၀၀၀ ပင် ဖြန့်ဝေစိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ လူထုဖြန့်ဝေစိုက်ပျိုးခြင်းအပါအဝင် မိုးရာသီသစ်ပင် စိုက်ပွဲ(၇)ကြိမ်ဖြင့် ပျိုးပင်ပေါင်း ၁၅၃၃၁၅ ပင် ဖြန့်ဝေစိုက်ပျိုးပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ မြိုင်ကလေး၊ အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်-၄၀၀၀)၌ ကျင်းပသည့် ပြည်နယ်အဆင့် မိုးရာသီ (တတိယအကြိမ်)သစ်ပင်စိုက်ပွဲမှ သိရသည်။

သစ်ပင်စိုက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တစ်ပင်စိုက် တစ်ပင်ရှင်ဖြစ်အောင် ပြည်သူအားလုံး က ပူးပေါင်းဆောင်ရွက်ကြစေလိုပြီး သစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းအားဖြင့် နောင်လာနောက်သားများ အတွက် အဖိုးထိုက်တန်လှသည့် သဘာဝအမွေအနှစ်များကိုလက်ဆင့်ကမ်းပေးအပ်ကြရန် တိုက်တွန်းပြောကြားပြီး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀) စက်ရုံမှူးကြီးထံ ပျိုးပင်များ ဖြန့်ဝေပေးအပ်ကာ တက်ရောက်လာသော အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၁)နှင့်အမှတ်(၂)ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်အတူ ရေ၊မြေ၊ဒေသနှင့်ကိုက်ညီ သောသစ်မျိုးများ ဖြစ်သည့် မအူ ၆၀၀ ပင်၊ ပျဉ်းမ ၆၀၀ ပင် စုစုပေါင်း ၁၂၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထိုသို့ စုပေါင်းစိုက်ပျိုးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြ ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးစပါးအထူးဇုန်ဖြစ်သော ဘားအံမြို့နယ်၊ မြိုင်ကလေး ကျေးရွာ၊ ကွင်းအမှတ် ၁၀၄၁၊ တောင်သူဦးစောထွန်းသန်း၏ မိုးစပါးအထွက်နှုန်းတိုးတက်ရေးနည်းပညာပေးစံပြ စိုက်ခင်း(၃ ဧက)၌ ကောက်စိုက်သမများဖြင့် ဆင်းသုခမျိုးစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး တန်ကြား ပင်ကြားမှန်ကန်စေရေး၊ တစ်ဧကကောက်ကွက်ပြည့်မီရေးနှင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိ သူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကလေးရွာလေး၊ ညောင်ပင်သာကျေးရွာရှိ တောင်သူ ဦးလှမျိုး၏ တစ်ပိုင်တစ်နိုင်ဒေသနွားရွှေနီမွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးပြီး တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများအားမှာကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ပေးအပ်သည့် တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ ကွင်းအမှတ် ၁၀၀၉-ခရှိ တောင်သူဦးမျိုးအောင်၏ မိုးစပါးမျိုးစေ့ထုတ်(၅)ဧကစိုက်ခင်းအတွင်း ပျိုးနှုတ်၊ထွန်ယက်စိုက်ပျိုးနေမှု၊ စိုက်ပျိုးပြီး မိုးစပါးစိုက်ခင်းများတွင် သဘာဝမြေဩဇာနှင့်ယူရီးယားဓါတ်မြေဩဇာများ အချိုးကျရောနှောကြဲပက်ခြင်းတို့အား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော ငါးအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲပုံနှင့် အီးအမ်ဘိုကာရှီသဘာဝမြေဆွေးပြုလုပ်သုံးစွဲပုံအဆင့်ဆင့်တို့ကိုလက်တွေ့ ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများကိုယ်တိုင်လက်တွေ့ပြန်လည်ပြုလုပ် အသုံးပြုကြရန် တိုက်တွန်းပြောကြားကာ ပြန်လည်ပြုလုပ်ကြမည့်တောင်သူများအား အီးအမ်ရည်များကို အခမဲ့ ဖြန့်ဝေပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသော ဘားအံမြို့အဝင် လမ်းနယ်တိုးချဲ့ခြင်းနှင့်မြေယာအလှပြုလုပ်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီးဦးစိုးလွင်တို့က လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ခရီးသွားဧည့်သည်များနေ့စဉ်ဝင်ထွက်သွားလာနေသည့် နေရာဖြစ်သည့်အတွက် သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ ဆောင်ရွက်သော ဘားအံ-သံလွင်တံတားဖြတ်လမ်းအား တစ်ဖက်လျှင်(၄၂၈ မီတာ)အရှည်၊ (၁ ဒဿမ ၂၂ မီတာ) အကျယ် ကွန်ကရစ်ခင်းခြင်းနှင့်လမ်းပခုံးခင်းခြင်းကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဂ) ဘားအံဇုန် အုပ်စုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့်မွန်ပြည်နယ်အသင်းတို့ ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင် များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကရင်ပြည်နယ်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ အုပ်စု(ဂ) တွင် ပါဝင်သော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့သည် ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ ပွဲစဉ်ပေါင်း ၆ ပွဲဖြင့် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အသိပေးကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on July 11, 2025

ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 10, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊  ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)

အစိုးရအဖွဲ့အစည်းများ / Posted on July 10, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023