ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ
ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / May 14, 2025

ဘားအံ မေ ၁၄
ကရင်ပြည်နယ်သမဝါယမဦးစီးဌာနအတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး ဟောပြောဆွေးနွေးပွဲကို ပြည်နယ်သမဝါယမ ဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးဟောပြောပွဲသို့ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်နယ်/ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း၊ ဝန်ထမ်း စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က အရာထမ်း၊ အမှုထမ်းများအနေဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကို သိရှိနားလည်ကျင့်သုံးနိုင်စေရန်၊ ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားအားလုံး လေးစားလိုက်နာနိုင်ရန်၊ ဥပဒေအသိပညာပြန့်ပွားရေးနှင့် ဗဟုသုတရရှိစေရေးအတွက် ဥပဒေအသိပညာပြန့်ပွားရေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ဟောပြောဆွေးနွေးချက်များအား ကရင်ပြည်နယ်သမဝါယမဦးစီးဌာန၌ ဦးစီးအရာရှိ ဒေါ်ပပမော်နှင့် သံတောင်ကြီးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယင်းမာသွင်တို့က ဥပဒေအသိပညာပြန့်ပွားရေးဆိုင်ရာ သင်ခန်းစာများကို ထပ်ဆင့်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ ကြောင်းသိရှိရသည်။
ဘားအံသတင်းဌာနခွဲ
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။
ကြေငြာချက်များ
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
ဆောက်လုပ်ရေးဝန်ကြီးဌာန / Posted on May 13, 2025
Travel Advisory (1/2025)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန / Posted on May 12, 2025