ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိ
ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 12, 2025

နေပြည်တော် ဇူလိုင် ၁၁
ကလေးမြို့နယ်၌ ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့နယ် အေးသာယာကျေးရွာအနီးတွင် မန္တလေးမှကလေးသို့ နိုင်လင်းအောင် (ခ) မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင် (ခ) သားငယ်လိုက်ပါလာသည့် MDY-14 8I/xxxxI ZONE အမျိုးအစား ၁၂ ဘီး ယာဉ်ပေါ်မှ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၂ ဘီလီယံ) အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို မန္တလေးတိုင်း ဒေသကြီးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အသိပေးကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on July 11, 2025
ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 10, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့်...
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)
အစိုးရအဖွဲ့အစည်းများ / Posted on July 10, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၂၄/၂၀၂၅)