ကိန်းဂဏန်းအချက်အလက်ဒေတာများ တိကျမှန်ကန်မှုရှိစေရန် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ကြရန်နှင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုအားပေးမည့်အစီအမံများ ချမှတ်ဆောင်ရွက်
ကိန်းဂဏန်းအချက်အလက်ဒေတာများ တိကျမှန်ကန်မှုရှိစေရန် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ကြရန်နှင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုအားပေးမည့်အစီအမံများ ချမှတ်ဆောင်ရွက်
ပညာရေးဝန်ကြီးဌာန/ Naypyitaw / August 02, 2025
နေပြည်တော် ၂၀၂၅ ဩဂုတ် ၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှု အားပေးမည့် အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက် ပန်းတိုင်များကို အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ဦးစီးဌာန အလိုက် မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို တင်ပြကြစေလိုပါကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ပညာရေးလုပ်ငန်းများ အောင်မြင်စေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ကိန်းဂဏန်းအချက်အလက် ဒေတာများ တိကျမှန်ကန်မှုရှိစေရန် အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးနှင့်ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပရဝဏ် သန့်ရှင်းသာယာစေရေးအတွက် အမြဲမပြတ် ပုံမှန်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များရှိ စာအုပ်စာရင်းများ စနစ်တကျထားရှိရန်နှင့် စာကြည့်တိုက်အခြေပြု သင်ကြား သင်ယူမှု အားပေးမည့်အစီအမံများ ချမှတ်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးများက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ August 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025
“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း