ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများသို့ သွားရောက်ကြည့်ရှု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 07, 2025
image_latest


နေပြည်တော် ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာအနီးရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံများသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများအတူ သွားရောက်ကြည့်ရူစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများသည် မိုင်းခွန်ကျေးရွာအုပ်စုရှိ နမ့်ဝုတ်(၁)၊ နမ့်ဝုတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ သွားရောက်၍ နမ့်ဝုတ်ချောင်းမှ ရေရရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မှုနှင့် ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက်အလက်များ၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးဆောင်ရွက်ထားရှိမှု၊ ဓာတ်အားပို့လွှတ်ပေးနေမှု လုပ်ငန်းလည်ပတ် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အိုင်အယ်လ်အို (ILO) ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အသိပေးချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on June 06, 2025

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံကျင်းပ နေစဉ်ကာလအတွင်း ၅-၆-၂၀၂၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on June 04, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on June 05, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023