ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ကျေးရွာ လေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း (၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲ ပြုလုပ်၊ နောင်လျန်ရေလှောင်တမံစီမံကိန်းနေရာအား ကြည့်ရှု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 02, 2025
image_latest


နေပြည်တော် ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် လွိုင်မွေဒေသ ကျေးရွာလေးရွာ စိမ့်စမ်းရေသွယ်ယူ ခြင်း (၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် လွိုင်မွေတောင်စခန်းမြို့ လွိုင်မွေရေကန်ကြီးအနီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အဆိုပါလုပ်ငန်းဆောင်ရွက်ခဲ့မှုအပေါ် ဒေသခံပြည်သူ များကိုယ်စား ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား တိုင်းမှူးနှင့် တာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လွိုင်မွေဒေသ ကျေးရွာလေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ညှိနှိုင်းဆောင်ရွက်

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူအကောင်အထည်ဖော်တည်ဆောက်မည့် လွိုင်မွေမြို့ နောင်လျန်(၆)ကျေးရွာ အနီးရှိ နောင်လျန်ရေလှောင်တမံ တည်ဆောက်မည့် စီမံကိန်းလျာထားနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 31, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 30, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

ဗီဒီယိုများ