ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2026
image_latest


ကျောင်းကုန်းမြို့နယ် သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း
‎ကျောင်းကုန်း ဖေဖော်ဝါရီ ၁၁
‎ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်  တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် သဲကုန်ကျေးရွာအုပ်စု၊ သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေ များကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက  တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
‎ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်နှင့် ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက သဲကုန်ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးက  သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျေးရွာ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
‎ကျောင်းကုန်းမြို့နယ်  သဲကုန်ကျေးရွာ၌ လမ်းအရှည် ၄ ဒသမ ၆၉၇ ဖာလုံ၊  ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ရှိ   မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်း နှင့်  Box-Culvert (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို   တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ၅၁၀ ဒသမ ၈၉၃  သန်းဖြင့် ZLT  ကုမ္မဏီ မှ ၂၀၂၅ခုနှစ် ဇွန်လ ၁၀  ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ   ၈၀  ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း နှင့် အဆိုပါ လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးပါက ကျေးရွာရှိ လူဦးရေ ၁၂၆၆ ဦး ၏ စိုက်ဧက ၃၀၀ အတွက်  အကျိုးပြုသွားမည် ဖြစ်ကြောင်း   ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးထံမှ သိရှိရသည်။         
‎ဇင်မာ

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 09, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023