ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 17, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်စေတီ၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ ရတနာစေတီဆင်များရှင်ဘုရားနှင့် မဟာစေတီများရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများ ဘက်စုံပြန်လည်ပြုပြင်နေသည့်အခြေအနေများ၊ စေတီတော်လုံးပတ် ပြန်လည်ပြုပြင်နေသည့်အခြေအနေများနှင့် စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်နေသည့် အခြေအနေများကိုလည်းကောင်း၊ ထူပါရုံကျောက်စာတိုက်၊ ရတနာဒီပံချောင်ကျောင်းတိုက်၊ တောလေးထပ်ကျောင်းတိုက်၊ ပထမဂန္တာရုံကျောင်းတိုက်၊ သောဘိတရာမရွှေသမားကျောင်းတိုက်၊ စိန်ရတနာကျောင်းတိုက်နှင့် ပထမကရစ္ဆာသယကျောင်းတိုက်များတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အပြီးသတ် ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ ဘက်စုံပြန်လည်ပြုပြင်နေသည့် အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် နှစ်(၇၀၀)ပြည့် အားကစားခန်းမနှင့် မဟာစည်းခုံကြီးစေတီတော်ရှိ သာသနာဗိမာန်တို့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ စစ်ကိုင်းမြို့ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ကြီးကြပ်၍ နေအိမ်ပျက်စီးခဲ့သည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်နှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လူနေအဆောက်အဦများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း၊ သောတာပန်ရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းဘေး ဝဲ/ယာ အပြိုအပျက်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ရတနာဓုဝံပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိကနှင့် ဆရာတော် သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ရတနာဓုဝံ ပရိယတ္တိစာသင်တိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီများကို တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးဆေးစစ်ဆေးခြင်း၊ ဆေးဝါကုသပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးသည်။

အလားတူ ကာကွကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းဆောင်တော်ကြီး၌ စူဠာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ပလ္လင်တော် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း၊ ရုပ်ရှင်တော်မြတ်ကြီး၏အပေါ်ရှိ မျက်နှာကျက်အမိုးများ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ကြမ်းခင်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေး၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းတော်ကြီး၏ မဟာရံတံတိုင်းများ ပျက်စီးနေမှုအား အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ရပ်ကွက်ရှိ လေသာကျောင်းတိုက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းဆောင်အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တရားကြီးများအသုံးပြု၍ အင်တိုက်အားတိုက် ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လုပ်အားပေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီး ဘဏ္ဍတော်ပိုင် တိုက်တန်းနှင့် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်များသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံများအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ နေ့စဉ်အများပြည်သူအသုံးပြုမှုများသည့် လမ်းမကြီးများဖြစ်သည့်အတွက် လမ်းပိတ်ဆို့မှုမဖြစ်စေရေးနှင့် အန္တရာယ်ကင်းစွာသွားလာနိုင်ရေးတို့အား မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on July 17, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၅/၂၀၂၅)

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 17, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on July 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023