စားသုံးသူများ၏အခွင့်အရေး နစ်နာမှုများကိုကုစားပေးမည့် အကာအကွယ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 08, 2025
image_latest


နိစ္စဓူဝ လူတို့၏ နေ့စဉ်ဘဝမှာ စားသောက်ကုန်၊ လူသုံးကုန် စသည့် ကုန်စည်များ၊ ဝန်ဆောင်မှုများ စသည်တို့ကို ကျသင့်ငွေပေးချေဝယ်ယူကာ စားသုံးကြရသည်။ သို့ဖြစ်ရာ လူတိုင်းသည် စားသုံးသူများ ဖြစ်ကြသည်။ ဥပဒေစကားဖြင့်ဆိုရလျှင် စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်ရေးအတွက်မဟုတ်ဘဲ စားသောက်ခြင်း သို့မဟုတ် သုံးစွဲခြင်းပြုသူကို ဆိုသည်ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု စသည့်တစ်ခုခုကို သတ်မှတ်သဘောတူညီသည့်အတိုင်း တန်ရာတန်ဖိုးငွေပေးချေဝယ်ယူ စားသုံးကြရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိရေး စသည်ဖြင့် စားသုံးသူတို့အတွက် အခွင့်အရေးများရှိရာ အဆိုပါအခွင့်အရေးများအတွက် ရည်ရွယ်၍ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းထားပြီး စားသုံးသူအသုံးပြုသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အငြင်းပွားမှု၊ နစ်နာဆုံးရှုံးမှုတို့ တစ်စုံတစ်ရာဖြစ်လာပါက သက်ဆိုင်ရာက ဝင်ရောက်ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိသည်။ ၂ဝ၁၇ ခုနှစ်မှစ၍ စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) အပါအဝင် ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများ၌ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (Consumer Information and Complaint Center - CICC) ၄၈ ခုကို ဖွင့်လှစ်ထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာ၊ အီးမေးလ်၊ ဖုန်းတို့ဖြင့်ဖြစ်စေ စားသုံးသူများ၏ တိုင်ကြားလာမှုများအပေါ် လက်ခံဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

စားသုံးသူရေးရာ အငြင်းပွားမှု၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ အလွယ်တကူ ခေါ်ဆိုတိုင်ကြားနိုင်ရန်အတွက် Consumer Call Center (၁၅၃၅) ကို ၂၀၂၁ ခုနှစ်ကစတင်၍ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်တွင် ဖွင့်လှစ်ခဲ့သည်။ ယခုအခါ ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း လိုင်းခွဲနံပါတ်များ တိုးချဲ့ဖွင့်လှစ်ထားရှိပြီးဖြစ်သည်ဟု သိရသည်။ လူတိုင်းသည် စားသုံးသူများဖြစ်ပြီး နေ့စဉ် ကုန်စည်နှင့် ဝန်ဆောင်မှုတို့ကို ဝယ်ယူစားသုံးနေကြရခြင်းဖြစ်သည့်အလျောက် စားသုံးသူအခွင့်အရေးဆိုင်ရာ ပြဿနာများမှာလည်း အနည်းနှင့်အများဆိုသလို နေ့စဉ်ဖြစ်ပေါ်နေမည်ဖြစ်သည်။ အသေးအဖွဲ ပြဿနာများနှင့် သည်းခံခွင့်လွှတ်နိုင်ဖွယ်ဖြစ်သော အမှားအယွင်းမျိုးတို့မှာ ရောင်းသူနှင့် ဝယ်သူအကြားပြေလည် ပြီးပြတ်သွားနိုင်သော်လည်း၊ ပြဿနာအစိုင်အခဲ ကြီးမားသည့်အခါနှင့် သည်းမခံနိုင် ဖွယ်တို့ဖြစ်လာသည့်အခါတွင် တိုင်ကြားမှုဖြစ်ပေါ်လာရသည်။

တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက ဖြေရှင်းပေးမှုများကို ဖြစ်စဉ်များအလိုက် အွန်လိုင်းတွင် သတင်းများတင်ပြပေးထားရာ စားသုံးသူများ မကြာခဏ ကြုံတွေ့ရတတ်သည့် ပြဿနာမျိုးများ ဖြစ်သကဲ့သို့ စိတ်ဝင်စားဖွယ်ရာများလည်းဖြစ်သည်။ အသင့်စား အစားအစာထုပ်များ အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ်လုပ်ရာတွင် ပေးချေလိုက်သည့် တန်ဖိုးနှင့်အညီ အထုပ်ရေ အပြည့်အဝမရမှု၊ မိုဘိုင်းဘဏ် အကောင့်မှ အခြားမိုဘိုင်းဘဏ်အကောင့်သို့ ငွေသိန်းပေါင်း ရာနှင့်ချီ၍ မှားယွင်းလွှဲပေးခဲ့မှု၊ အင်တာနက်ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုမရှိမှု၊ တန်ဖိုးကြီးလက်ကိုင်ဖုန်း ပြင်ဆင်ရာတွင် ဖုန်းမှန်ကွဲသွားသည့်အပေါ် လျော်ကြေးတောင်းခံမှု၊ ခရီးသည် တင်မော်တော်ယာဉ်လိုင်းများ၏ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှု စသည်တို့အပါအဝင် အမှုများစွာတို့ကို မှတ်တမ်းတင် ဖော်ပြထားခြင်းဖြစ်သည်။ အမှုများတွင် တန်ဖိုးငွေကျပ် သောင်းဂဏန်းမှသည် သိန်းရာနှင့်ချီသည်အထိ ပါရှိနေရာ စားသုံးသူများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ဖြေရှင်းပေးနေမှု အခြေအနေများကို တွေ့ရှိနိုင်သည်။ ၂ဝ၂၄ ခုနှစ်တွင် ဇန်နဝါရီမှ ဒီဇင်ဘာ ၁၅ ရက်အထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း ၃၃၂ မှု ရှိသည့်အနက် ဆက်သွယ်ရေး၊ ငွေရေးကြေးရေးနှင့် အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးတို့ အများဆုံးပါဝင်သည့် ဝန်ဆောင်မှုဆိုင်ရာ တိုင်ကြားမှုက ၂၉၆ မှု ရှိခဲ့သည်။

စားသုံးသူတိုင်းတွင် တာဝန်များရှိသကဲ့သို့ အခွင့်အရေးများလည်းရှိသည်။ စားသုံးသူများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးသည့် ဥပဒေနှင့်အဖွဲ့အစည်းလည်း ရှိနေသည်ကို လူတိုင်းသတိပြု၍ ဥပဒေကပေးသည့်အကာအကွယ်ကို ဥပဒေနှင့်အညီ ရယူနိုင်ကြပါစေကြောင်း။     ။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်၊ ဇန်နဝါရီ ၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တာဝန်မှ အနားယူခွင့်ပြုခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 08, 2025

တာဝန်မှ အနားယူခွင့်ပြုခြင်း

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

အခွန်အယူခံခုံအဖွဲ့ / Posted on January 07, 2025

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၁-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုစာရင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023