စွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 22, 2025
စွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများဆောင်ရွက်


ဘားအံ -ဇူလိုင် (၂၂)

စားရေရိက္ခာဖူလုံပြီး ပိုလျှံသည်များအား တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်များသို့တင်ပို့ရောင်း ချနိုင်ရေး တောင်သူများမှစွမ်းအားပြည့်မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်ရန် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်နှီးနွယ်ဆက်စပ်ဌာနများမှ တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင် ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ အိန္ဒဲကျေးရွာ၊ ရှမ်းစုရပ်ရှိ တောင်သူဦးဆလွန်း၏ ဒေသနွားရွှေနီမျိုး ကောင်ရေ ၃၀ မွေးမြူရေးခြံနှင့်တွဲဖက်၍ ဒေသဆိတ် ၃၅ ကောင် မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ တင်နွယ်ရီနှင့်တာဝန်ရှိသူများက တောင်သူမွေးမြူထားရှိမှုနှင့် မိုးရာသီတွင်ဖြစ်ပွားတက်သော ပိုးမွှားရောဂါများ ကာကွယ်ကုသရေး စီမံဆောင်ရွက်ပေးထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသား နှင့်နို့ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေးမှာကြားကာ တိရစ္ဆာန်သုံးဆေးဝါးများနှင့်အာဟာရဆားခဲများကို အခမဲ့ချီးမြှင့်ပေး အပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ် ၁၁၆၇ ၊ တောင်သူဦးချမ်းအေး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း၌ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ မြေဆီဩဇာ တိုးတက်ကောင်းမွန်စေသော ခရုအမိုင်နိုအက်စစ်ပြုလုပ်သုံးစွဲနည်းနှင့် အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်း များကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ နောင်လုံအနောက်၊ ကော့မကယ် အိန္ဒဲ၊ လှိုင်ကားကျေးရွာများမှ တောင်သူများက တက်ရောက်လေ့လာကြည့်ရှုခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးထွန်းမြင့်နှင့် တာဝန်ရှိသူ များက တောင်သူများကိုယ်တိုင်ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ပြန် လည်ပြုလုပ်သုံးစွဲကြမည့် တောင်သူများအား အီးအမ်(အပြင်း)ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါမိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း(၆)ဧကအတွင်း တောင် သူများမှ ယူရီးယားဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများ အချိုးကျရောနှောကြဲပက်ခြင်းနှင့် အမှတ်(၂၀)စက်မှု လယ်ယာစခန်း(ဘားအံ)မှ ကွင်းအမှတ်-၁၁၆၇၊ ထမ္မတိုင်ကွင်း၊ တောင်သူဒေါ်ခင်လေးရွှေပါ(၂)ဦး၏ မိုးစပါးစိုက်ပျိုး မည့်လယ်မြေ ၄ ဒဿမ ၅ ဧကအား Kubota 50 ထွန်စက်ကြီး၂ စီးဖြင့်မြေယာထွန်ယက်ပေးနေမှုများကို ကြည့်ရှုအား ပေးပြီး မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ လိုအပ်သည့်သွင်းအားစုများဖြည့်ဆည်းကူညီပေးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ ကွင်းအမှတ်-၁၁၆၇ ရှိ တောင်သူဦးအေးဝင်း၏ မိုးစပါး(ပေါ်ဆန်းမွှေး)စိုက်ခင်း၌ သဘာဝမြေဩဇာနှင့်ယူရီးယားဓာတ်မြေဩဇာ အချိုးကျ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်၍ မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေးစံပြ စိုက်ခင်းနှင့် မိုးစပါးထွန်ယက်စိုက်ပျိုးနေမှု၊ မြေဩဇာရောစပ်ကြဲပက်နေမှုများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၏ခရီးစဉ်ဒေသတစ်ခုဖြစ်သော လှိုင်ကားရွာ ထွန့်ပတိုင်ချမ်းသာကြီးကျောင်းဆရာတော် ဘဒ္ဒန္တဝိမလအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ နှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူ ဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထွန့်ပတိုင်ခရီးစဉ်ဒေသကန်တော်မင်္ဂလာနှင့် သစ္စာတိုင်တံတား တို့အားလှည့်လည်ကြည့်ရှု၍ ထွန့်ပတိုင်(ထမ္မတိုင်)တောင်ခြေကျောက်သားနံရံ၌ မြတ်စွာဘုရားရှင်အားရည်မှန်းပုံဖော် ထုဆစ်ထားသော နဂါးရုံဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကြပြီး မိုးရာသီတွင် ခရီးသွားများကိုယ်တိုင်လှော်ခတ်၍ အပျော်တမ်းစီးနှင်းနိုင်မည့် ဆန္ဒန်ဂူနှင့်ထွန့်ပတိုင် အကွာအဝေး ၃ မိုင်ခန့်နှင့် အကျယ်ပေ ၅၀ ခန့်ရှိ ရေလမ်းကြောင်း အား မြေပြင်ကွင်းဆင်းတိုင်းတာဆောင်ရွက်ပေးရန်၊ ခရီးစဉ်ဒေသသန့်ရှင်းသာယာလှပရေး၊ ဈေးဆိုင်ခန်းများစနစ် တကျရှိစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာ၍ တစ်ခါလာဖူးသည့်ခရီးသွားများ နောက်ထပ်တစ်ဖန်လာရောက်လည်ပတ် ချင်စိတ်ရှိအောင် ဆွဲဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကော့ကရိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်လှစ်နေမှု၊ လူငယ်စင်တာ တတိယထပ် အစည်းအဝေးခန်းမ၌ ဘားအံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်လှစ်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ် တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်စားများ၏ ပင်စင်လစာလာရောက်ထုတ်ယူနေမှု၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စားသုံးဆီ၊ ပေါ်ဆန်မွှေး၊ ဇီယာ၊ ရက်(၉၀)ဆန်များအား သက်သာ သောနှုန်းထားဖြင့် ရောင်းချပေးနေမှု၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အငြိမ်းစားမိဘပြည်သူများအား UID (Unique Identity) များကွင်းဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025

“တိုင်ကြားနိုင်ပါကြောင်း ပြည်သူသို့အသိပေးခြင်း”

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 07, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023