ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးသူများတွင် လူငယ်များပါဝင်မှု ရာခိုင်နှုန်းများပြား
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ဆန္ဒမဲပေးသူများတွင် လူငယ်များပါဝင်မှု ရာခိုင်နှုန်းများပြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်ခဲ့ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည်။ ယခုကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် ယခင်ရွေးကောက်ပွဲများနှင့် မတူညီဘဲ အခက်အခဲအမျိုးမျိုးကြားမှ ဆောင်ရွက်ခဲ့ရသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် စိတ်အားထက်သန်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသကဲ့သို့ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်ကျေပွန်စွာ၊ စိတ်ပါဝင်စားစွာ လာရောက်မဲပေးခဲ့ကြသည်။
ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄.၂၂ သန်းရှိပြီး မဲပေးသူ ၁၃.၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄.၂၂ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးဖြစ်သည်။ မဲဆန္ဒရှင်စုစုပေါင်း ၂၄.၂၂ သန်း၏ အသက်အရွယ်အပိုင်းအခြားမှာ ၁၈ နှစ်မှ ၃၀ နှစ်ကြား ၂၄ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၄၀ နှစ်ကြား ၂၁ ရာခိုင်နှုန်း၊ ၄၀ နှစ်မှ ၅၀ နှစ်ကြား ၂၀ ရာခိုင်နှုန်း၊ ၅၀ နှစ်မှ ၆ဝ နှစ်ကြား ၁၇ ရာခိုင်နှုန်း၊ ၆၀ နှစ်မှ ၇၀ ကြား ၁၁ ရာခိုင်နှုန်း၊ ၇၀ နှစ်အထက် ၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များစာရင်းတွင် လူငယ်များ ပါဝင်မှုရာခိုင်နှုန်းမှာ မြင့်မားလျက်ရှိကြောင်း တွေ့ရှိရသည်။
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ၅၄.၂၂ ရာခိုင်နှုန်းက ဆန္ဒမဲလာရောက်ပေးကြရာတွင်လည်း လူငယ်များ ပါဝင်ဆန္ဒမဲပေးမှု များပြားကြောင်း တွေ့ရှိရသည့်အတွက် လူငယ်များအနေဖြင့် နိုင်ငံ့အရေးကို ပိုစိတ်ဝင်စားမှုရှိလာကြောင်း သိရှိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 26, 2026
အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 24, 2026
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
အခွန်အယူခံခုံအဖွဲ့ / Posted on February 24, 2026
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
