ဇလွန်မြို့နယ် ကျေးရွာ နှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 11, 2026
image_latest


ဇလွန်မြို့နယ်  ကျေးရွာ နှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
‎ဇလွန် ဖေဖော်ဝါရီ ၁၁
‎ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တမံကျေးရွာနှင့် ကံကြီးစုကျေးရွာတို့၌  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျှော့ချစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ  ၃၀၀ သိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။ 
‎       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက  တမံကျေးရွာနှင့် ကံကြီးစုကျေးရွာတို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများနှင့် လစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများ စနစ်တကျ ဖြည့်သွင်းထားမှုနှင့် စီမံကိန်းဆိုင်ရာ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
‎အဆိုပါ  တမံကျေးရွာနှင့် ကံကြီးစုကျေးရွာတို့၌  စီမံကိန်း ပထမစက်ဝန်းအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ အသင်းသူ၊အသင်းသား ၉၂ ဦးထံသို့ ငွေတစ်ရာကျပ်လျှင် အတိုးနှုန်းငွေ တစ်ကျပ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၃၀၀ သိန်း ထုတ်ချေးထားရှိပြီး စီမံကိန်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။ 
ဇင်မာ 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 11, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 09, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ကတ်ဖိုးပေးသွင်းခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 10, 2026

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက်...

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023