တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 15, 2025
နေပြည်တော် ဇန်နဝါရီ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည့် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သည့် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်းနှစ်ခုသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကျေးရွာပြည်သူထည့် ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရ-ပြည်သူ-ပုဂ္ဂလိက သုံးပွင့်ဆိုင် လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြ စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းမှ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၅၄၀ ခန့်၊ လူဦးရေ ၂၇၀၀ တို့၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးများ တိုးတက်လာမည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်-လန်ချန်းစီမံကိန်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊ Mega Global Green Automation ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည် စီမံကိန်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့နယ်အတွင်းရှိ ကံမော်ကြီး၊ ရေငံကြီး၊ ဘာလိအော်၊ အောင်မြန်မာ၊ ကံပုံ၊ မှာတမ်းစသည့် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းတို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ၁၂၀ ဒသမ ၆၄ ကီလိုဝပ်၊ ဒီဇယ် ၂၀၀ ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့်တပ်ဆင်ခြင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သာသနာတော်ထွန်းကာားပြန့်ပွားရေးဦးစီးဌာန၊ ပြင်ပမှခေါ်ယူသော အငယ်တန်းစာရေးရာထူး (၆၆) နေရာ၊ စာပေလက်ထောက်-၄ ရာထူး (၁) နေရာ၊ ပြတိုက်လကထောက်-၄ ရာထူး (၁) နေရာ၊ စာရင်းကိုင်-၄ ရာထူး (၂) နေရာတို့အတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ ခုံအမှတ်၊ ရေးဖြေစာမေးပွဲဖြေဆိုမည့် အချိန်နှင့် နေရက်တို့အား ကြော်ငြာခြင်း
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန / Posted on January 15, 2025
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
ကာကွယ်ရေးဝန်ကြီးဌာန / Posted on January 14, 2025
မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 15, 2025
မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်း