တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 03, 2025
နေပြည်တော် ဇန်နဝါရီ ၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ် အိုးပေါက်ရွာအနီး၌ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၁၈၀ တန်၊ သစ်မာ ၀ ဒသမ ၀၅၀ တန်၊ အခြားသစ် ၂ ဒသမ ၅၁၀ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၀၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင်မီးသွေး ၂ ဒသမ ၈၀၀ တန်၊ ကျွန်းသစ် ၂ ဒသမ ၇၈၀ တန်၊ အခြားသစ် ၁၀ ဒသမ ၂၄၃ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၇၃၅၃ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Condor Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇန်နဝါရီ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်မီးသွေး ၁၁ ဒသမ ၈၄၀ တန်၊ ကျွန်းသစ် ၅ ဒသမ ၈၉၆ တန် စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၆၁၂၈၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ရက်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၁၈၉၇၁၃ ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်၊ ဇန်နဝါရီ ၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
Myanmar National Human Rights Commission Statement No. (1/2025)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on January 05, 2025
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on January 05, 2025
အမိန့်ကြော်ငြာစာအမှတ်(၉၀/၂၀၂၄) စျေးကွက်ငွေလဲလှယ်နှုန်း (Market Trading Rate) ကို အခြေခံသည့် အပတ်စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်း (Weekly Exchange Rate) ဖြင့် ပြောင်းလဲ၍ အခွန်စည်းကြပ်ကောက်ခံမည့် အမိန့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on December 27, 2024