တိုက်ကြီးမြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းများဆောင်ရွက်နိုင်ရေး အကြိုကွင်းဆင်း စစ်ဆေး
တိုက်ကြီးမြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းများဆောင်ရွက်နိုင်ရေး အကြိုကွင်းဆင်း စစ်ဆေး
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 07, 2026
တိုက်ကြီးမြို့နယ်အတွင်း ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းများဆောင်ရွက်နိုင်ရေး အကြိုကွင်းဆင်း စစ်ဆေး
***********************************
တိုက်ကြီး ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ဒေသထွက်ကုန်သီးနှံများ ရာသီမရွေး သယ်ယူပို့ဆောင်နိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တွင် တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းများ ဆောင်ရွက်နိုင်ရေး ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ အကြိုကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးတိုင်းတာရာတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ ခရိုင်နှင့် မြို့နယ်မှ အင်ဂျင်နီယာဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ သစ်ခေါင်းကြီး၊ ကရင်းကျွန်းချောင်း၊ ကညင်စမ်း၊ မြေတိုင်၊ အထရောင်၊ ဖလုံရွာမ၊ ကရင်မှန်နီကုန်း၊ ဒိုက်ကံကျေးရွာနှင့် အိုင်တနီးကျေးရွာတို့၌ ရွာတွင်းလမ်းနှင့် ကုန်ထုတ်လမ်းများ၏ လမ်းဒီဇိုင်းပုံထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်ရှိ လက်ရှိလမ်းအူကြောင်းအခြေအနေ၊ တံတား၊ ရေပြွန်၊ ရေကျော်များ လိုအပ်မှုအခြေအနေ၊ မြေနေရာရရှိနိုင်မှုအခြေအနေနှင့် အကျိုးပြုစိုက်ပျိုးရေးဧက အခြေအနေများကို အကြိုကွင်းဆင်း စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ ၉ ရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် ကုန်ထုတ်လမ်းနှင့် ရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ပြီးစီးပါက ဒေသထွက်ကုန်များ ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။