တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပခြင်း
တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန/ တနင်္သာရီတိုင်းဒေသကြီး / October 28, 2025
တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီအစည်းအဝေးကို တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင် ဦးဆောင်သော ကော်မတီအဖွဲ့ဝင် (၂၀) ဦးဖြင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ထားဝယ်မြို့၌ ၂၇.၁၀.၂၀၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ ဒေါ်ဆွေဆွေလင်းက တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးကော်မတီဖွဲ့စည်း တာဝန်ပေးအပ်မှုများ၊ ၁.၁.၂၀၂၅ ရက်မှ ၃၀.၉.၂၀၂၅ ရက်ထိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များဖြစ်သည့်တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပဆောင်ရွက်ခဲ့ခြင်း၊ ဌာနဆိုင်ရာများသို့ အသိပညာပေးဟောပြောခြင်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အခြေခံပညာကျောင်းများသို့ GENDER, CEDAW, NSPAW နှင့် UNSCR1325 အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပြီးစီးမှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာဆောင်ရွက်ချက်များဖြစ်သည့် အကြမ်းဖက်ခံရသော ကော့သောင်းခရိုင်မှ အမျိူးသမီးငယ်တစ်ဦးနှင့် ကော့သောင်းအကျဉ်းထောင်အတွင်းရှိ အကျဉ်းသူကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား ထောက်ပံ့ကြေးပေးအပ်မှုများ၊ မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ခြင်းများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် ရှေ့လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များမှ အထွေထွေဆွေးနွေးတင်ပြကြ၍ တိုင်းဒေသကြီးအဆင့်အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး၊ ဦးသက်နိုင်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို နံနက် (၁၁:၁၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
သတင်းစာများ
 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 31, 2025
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 31, 2025
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅
အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 31, 2025
အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း
 
                             
                                
