တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဒီဇင်ဘာ ၁၈
တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ ဒီဇင်ဘာ ၁၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန/ ရန်ကုန် / December 23, 2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည် ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၈-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ(အထက်)၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းမိတ်ဆက်ပြောကြားခြင်းနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက် တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မှော်ဘီခရိုင်ပညာရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အ.ထ.က (၂) မှော်ဘီကျောင်းရှိ ကျောင်းသား ကျောင်းသူများ ဘင်ခရာအဖွဲ့မှ ဘင်ခရာ၊ ပန်းပွားအကတို့ဖြင့် တီးမှုတ်ဖျော်ဖြေခဲ့ကြပြီး ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲ၊ ပြိုင်ပွဲများဖြစ်သည့် ထုပ်ဆီးတိုး၊ အာလူးကောက်ပြိုင်ပွဲ၊ အပြေး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရ ရှိသည့် ကျောင်းသား /ကျောင်းသူများအား ဆုချီးမြှင့် ပေးအပ်ခြင်းနှင့် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ သဲကုန်ကျေးရွာ (အထက်) မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝိုင်းဝိုင်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ ကျောင်းသူ လေးများက ကရင်ဒုံးယိမ်း အကအပါအဝင် သီချင်း(၇)ပုဒ် ဖြင့် ကပြဖျော်ဖြေခြင်းနှင့် စုပေါင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
အခွန်အယူခံခုံအဖွဲ့ / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့ / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း