ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေသအကျိုးပြု လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြား
ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေသအကျိုးပြု လက်တွေ့အသုံးချသုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြား
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / May 18, 2026
နေပြည်တော်၊ မေ ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံများနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာတက္ကသိုလ်နှင့် ကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒုတိယဝန်ကြီးက ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံ အုတ်မြစ်ဖြစ်သောကြောင့် တက္ကသိုလ်နှင့် ကျောင်းများ၏ သင်ကြားသင်ယူမှုစနစ်များ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်စေရေးအတွက် ဒေသတွင်း ပညာရေးစံနှုန်းများနှင့်အညီ အလေးထား ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ခေတ်မီဆန်းသစ်သည့် ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တု (AI) နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက် သွားရန်နှင့် နိုင်ငံတော်အတွက် လက်တွေ့အကျိုးပြုမည့် နည်းပညာဆိုင်ရာ အသုံးချသုတေသန (Applied Research) လုပ်ငန်းများကိုလည်း မိမိတို့၏ သင်ကြားသင်ယူမှုနှင့် ပေါင်းစပ်လုပ်ဆောင် သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ စည်းကမ်းသေဝပ်ခြင်းအပါအဝင် ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ် ခေါင်းဆောင်ကောင်း လူငယ်များဖြစ်စေရေးအတွက် ဘက်စုံပြုစုပျိုးထောင်ပေးရန်၊ ခေတ်နှင့်အညီ တွေးခေါ်မြော်မြင်နိုင်သည့် ဆန်းသစ်တီထွင်မှု အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကိုလည်း အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းသူကျောင်းသားများ အလုပ်အကိုင် အခွင့် အလမ်းများရရှိစေရေးအတွက် ဒေသတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက် သွားရန် ပြောကြားခဲ့ပါသည်။ ထို့ပြင် ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ရှိစေရေးအတွက် အမြဲမပြတ်လေ့လာရန်၊ နိုင်ငံနှင့် ဒေသအကျိုးပြု သုတေသန လုပ်ငန်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်ကြရန်နှင့် မိမိတို့၏ တက္ကသိုလ်များကို နည်းပညာအသုံးပြု Smart University များအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား ခဲ့ပြီး ဆရာဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့စမ်းသပ်ခန်း (Lab) များ၊ အလုပ်ရုံများ၊ ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားကွင်း တည်ဆောက်မည့်မြေနေရာများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ တည်ဆောက်ရေး လုပ်ငန်းများတွင် သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေး၊ ဘဏ္ဍာရေးစည်းကမ်းနှင့်အညီ ရန်ပုံငွေများ ကို စနစ်တကျ အကျိုးရှိစွာ သုံးစွဲရေးနှင့် အဆောက်အဉီးများအား ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်ရန်တို့ကို ပြောကြားခဲ့ပါသည်။
မေလ (၁၈) ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရှိ အမျိုးသားဓာတ်ခွဲခန်း (National Laboratory) သို့ သွားရောက်ခဲ့၍ ဓာတ်ခွဲဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သုတေသနရလဒ်များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအသီးသီးတွင် လက်တွေ့အသုံးချနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်မှုစနစ်များနှင့် အရည်အသွေးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များ အား နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on May 18, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကြေညာခြင်း
