ဒုတိယမြို့တော်ဝန် ဝန်ထမ်းအိမ်ရာအသစ်များ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း တာဝန်ယူဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 26, 2026
image_latest


နေပြည်တော် ဧပြီ ၂၅

နေပြည်တော်ကောင်စီဝင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ အကွက်အမှတ် (၈ - က) လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သောဝန်ထမ်းအိမ်ရာများအတွက် ဝန်ထမ်းအိမ်ရာအသစ်များ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသော ကုမ္ပဏီများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယမြို့တော်ဝန်က မန္တလေးငလျင်ဒဏ်ကြောင့် ယာယီစခန်းများတွင် နေထိုင်နေသော နိုင်ငံ့ဝန်ထမ်းများကို မိုးမကျမီ ပြောင်းရွှေ့နေထိုင်နိုင်စေရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို မဂ္ဂနီကျု ၈ အထိ ငလျင်ဒဏ်ခံနိုင်စေရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သဖြင့် တည်ဆောက်ရာတွင်လည်း သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် QA/ QC အဖွဲ့များကလည်း တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ်ဆေးမှုများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယမြို့တော်ဝန်က လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို သတ်မှတ်ထားသောအချိန်အတွင်း အရည်အသွေးပြည့်မီစွာပြီးစီးစေရေး အထူးအလေးထား၍ ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းသည် ဝန်ထမ်းများ၏ စားဝတ်နေရေးတွင် နေရေးနှင့် တိုက်ရိုက်ဆက်နွှယ်နေသောကြောင့် တိကျမှန်ကန်မှု၊ အချိန်မီဆောင်ရွက်မှုနှင့် အရည်အသွေးပြည့်မီမှုတို့သည် မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များဖြစ်၍ အလေးထားဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ဝန်ထမ်းအိမ်ရာများအတွက် စုစုပေါင်း အဆောက်အအုံ ၂၉၁ လုံး (အခန်းပေါင်း ၄၆၅၆ ခန်း) ကို တည်ဆောက်လျက်ရှိပြီး လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်းပြီးစီးစေရေး တာဝန်ရှိသူများက စနစ်တကျကြပ်မတ်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ April 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

ဗီဒီယိုများ