ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ အာဆီယံ-တရုတ် စင်တာ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ အာဆီယံ-တရုတ် စင်တာ အထွေထွေအတွင်းရေးမှူးချုပ်နှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / January 14, 2025
နေပြည်တော် ဇန်နဝါရီ ၁၄
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယခုလ ၉ ရက်နေ့၊ ညနေ၌ ပေကျင်းမြို့ရှိ အာဆီယံ-တရုတ် စင်တာ (ASEAN-China Centre-ACC) သို့ ရောက်ရှိခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် (Secretary-General) H.E. Mr. Shi Zhongjun ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဦးစွာ ACC အထွေထွေအတွင်းရေးမှူးချုပ်က ဒုတိယဝန်ကြီးကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကာ စင်တာ၏ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်ရှိ သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာတက္ကသိုလ်၊သိပ္ပံများတွင် ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ACC နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဖလှယ်မှုသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားနှင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကျိုးစီးပွားရရှိစေရေး နှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေးတို့အတွက် အခရာကျမှုကို မီးမောင်းထိုးဆွေးနွေးကာ အသက်မွေးဝမ်းကျောင်း ပညာကဏ္ဍ၊ AI နှင့် EV နည်းပညာများ ဖွံ့ဖြိုးရေးကဏ္ဍ၊ နည်းပညာစွမ်းရည်မြှင့်တင်ရေးနှင့် အပြန်အလှန်ဖလှယ်ရေး ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မဟာဗျူဟာမြောက် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ACC အထွေထွေအတွင်းရေးမှူးချုပ်တို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အစဥ်အလာကို ပိုမိုခိုင်မြဲစေလျက် သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် ယခုနှစ်တွင် စိန်ရတုမှတ်တိုင်အဖြစ် သိပ္ပံနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် နက်ရှိုင်းကျယ်ပြန့်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြပြီး နှစ်ဘက်ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်များကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 04, 2025
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း