ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 27, 2026
image_latest


နေပြည်တော် မေ ၂၆

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ TPE Co., Ltd. နှင့်ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း) အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်)ရှိ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ (Heat Recovery Power Station-HRPS) လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုကို မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစဉ် စက်ရုံအောင်မြင်စွာ စတင်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအလိုက် အသေးစိတ်စစ်ဆေးဆောင်ရွက်ရေး၊ လိုအပ်သည့် ပစ္စည်းဖြည့်တင်းမှုများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

အဆိုပါ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ HRPS ပြီးစီးပါက Romelt Furnace ၏ Waste Heat Boiler မှ ထွက်ရှိလာသည့် စွန့်ပစ်အပူကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၄၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး သံမဏိစက်ရုံ၏ သံရည်ကျိုလုပ်ငန်းအတွက် ကိုယ်ပိုင်လျှပ်စစ် ဓာတ်အားဖြင့် လည်ပတ်စေမည့်အပြင် ပိုလျှံလျှပ်စစ်ဓာတ်အားများအား National Grid သို့ ပို့လွှတ်ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 27, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on July 19, 2024

ဗီဒီယိုများ