ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး


ပညာရေးဝန်ကြီးဌာန/ Naypyitaw / March 14, 2026


နေပြည်တော် ၂၀၂၆ မတ် ၁၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်း၊ ပြင်ဦးလွင်ခရိုင် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ အေးချမ်းစွာဖြေဆို နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘ များနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဒုတိယဝန်ကြီးက စာမေးပွဲကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရေး၊ စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန်မှာကြားကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် ဝါးနက်ချောင်းရွာ အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ မင်းတည်းကျေးရွာ၊ နောင်ဝယ်ကျေးရွာ၊ ဝါးနက်ကျေးရွာရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပြီး အခြေခံပညာကျောင်း များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားများအားလုံး လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးစနစ်များဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသူများက ကျောင်းအဆင့်တိုးမြှင့်ရေး၊ ကျောင်းပြင်ပပညာရေး သင်ကြားသင်ယူမှုဆိုင်ရာကိစ္စရပ်များနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းတွင်း သန့်ရှင်းသာယာရေးတို့ကို ဆရာ ဆရာမများအနေဖြင့် ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

ဗီဒီယိုများ