ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ငွေဆောင်ကမ်းခြေဒေသဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၂၇

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာကြည့်ရှုနိုင်ရေးအတွက် မျှော်စင်ကို အဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များတွင် ထည့်သွင်း၍ကြော်ငြာပေးရန်ကိစ္စရပ်များကို မှာကြားသည်။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး

ထို့နောက် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့် အားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပဆောင်ရွက်ခြင်းများ ဖော်ထုတ်ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေး မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ခရီးသွားဆွဲဆောင်ရာနေရာများကြည့်ရှု

ယင်းနောက် ငွေဆောင်ကမ်းခြေဒေသရှိ ခရီးသွားဆွဲဆောင်ရာနေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှုအခြေအနေများ၊ ငွေဆောင် Square တွင် ဖွင့်လှစ်ထားရှိသည့် ညဈေးတန်း၌ ခရီးသွားများအတွက် ဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on October 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023