ဒုတိယဝန်ကြီး ဦးရဲတင့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပွဲများ ဆင်နွှဲနေမှုကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဦးရဲတင့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပွဲများ ဆင်နွှဲနေမှုကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 05, 2025
နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများကို ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့်အတူ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ခါးကွင်းလှည့် ပြိုင်ပွဲ၊ မိတ်ကပ်ပြင်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ကျောကုန်းထောက်ခုန်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ရွှေစွန်ညိုပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ စသည့် အားကစားနည်း ၂၂ မျိုးကို ပွဲစဉ် ၆၉ ခုဖြင့် တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက မီတာ(၁၀၀) အပြေး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ခါးကွင်းလှည့်၊ လွန်ဆွဲပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အားစားနည်းအလိုက် ဆုရရှိသူများ ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အလားတူနေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ အားကစားကွင်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းမများတွင် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြကာ အားကစားနည်းအလိုက် ဆုရရှိသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 03, 2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။
အများပြည်သူသို့ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 06, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင်ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 06, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ...