နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန/ nay pyi taw / August 16, 2025


နေပြည်တော် ဩဂုတ် ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် မန္တလေးတိုင်းဒေသကြီးရှိ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ယမန်နေ့ နေ့လယ်၌ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစဥ် ပါမောက္ခချုပ်(တာဝန်ခံ)က သင်တန်းများဖွင့်လှစ်နေမှုများ၊ မန္တလေးငလျင်ကြီးဒဏ်သင့် အဆောက်အအုံ များကို ပြန်လည်ပြုပြင် တည်ဆောက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပါသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာသင်နှစ်အလိုက် စာသင်ခန်းများ အသီးသီးတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူ လျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး နိုင်ငံတော် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား အထောက်အကူပြုနိုင်မည့် အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝသည့် လူငယ်ကောင်းများ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာ ကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ယနေ့ နံနက်၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) သို့ရောက်ရှိခဲ့ပြီး စာသင်ခန်းများ အသီးသီးတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ နိုင်ငံတော်က လူငယ်များ၏ ဘဝရပ်တည်မှုခိုင်မာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာ တန်ဖိုးထားလေ့လာကြရန်နှင့် နိုင်ငံ့အကျိုးပြု နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ချမှတ်ပြီး ဆောင်ရွက်ကြရန်မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး သည် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကစက်မှု ကုန်ထုတ်လုပ်ငန်းများရှိ နည်းပညာ လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် လက်တွေ့လုပ်ငန်းများကို အဓိက ဆောင်ရွက်ရန် တိုက်တွန်းမှာကြား သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး တာဝန်ရှိသူများအား ဒေသတွင်း ပြည်သူတို့၏ လူမှုစီးပွားဘဝများ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုသည့် သင်တန်းများကို အရည်အသွေး ပြည့်မီစွာ ဖွင့်လှစ်ရန် မှာကြားသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (ဘယ်လင်း)တွင် ယခုလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း World Youth Skills Day 2025 အထိမ်းအမှတ် ကျင်းပခဲ့သည့် နည်းပညာတီထွင်ဆန်းသစ်မှုနှင့် နည်းပညာစွမ်းရည်ပြိုင်ပွဲ များသို့ သွားရောက်လေ့လာခဲ့မှုများ၊ ဝင်ရောက်ယှဥ်ပြိုင်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံ့ရေရှည် အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အသုံးချနည်းပညာသုတေသနများကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ရန်၊ နိုင်ငံတကာ နည်းပညာပြိုင်ပွဲများ၌ နိုင်ငံ့ဂုဏ်ဆောင်ဆုများရရှိသည်အထိ ကြိုးပမ်းဆောင်ရွက် သွားရန် သုတေသန ရလဒ်များကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါ ပြိုင်ပွဲတွင် ဆုရကျောင်းသားနှင့် ကျောင်းသား၊ ကျောင်းသူများထံ ဂုဏ်ပြုဆုများ ချီးမြှင့်ပြီး သုတ၊ ရသ စာအုပ်များ ပေးအပ်သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စားရိပ်သာသို့ ‌ရောက်ရှိခဲ့ပြီး စားသောက်ရေး လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 24, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ August 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on August 23, 2025

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ အပိုင်းလိုက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ပြည်ပရောက်မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) များ ထုတ်ယူပေးပို့နိုင်မည့်နေ့ရက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၁ - ၈ - ၂၀၂၅...

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023