နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး လဟယ်မြို့ရှိ ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ခန္တီးမြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 18, 2025
image_latest


နေပြည်တော် ဇန်နဝါရီ ၁၇

လဟယ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်၍ တောင်တန်းသာသနာပြု ဗဟိုခေါင်းဆောင် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသုမနအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့အတူ လဟယ်မြို့ နှစ်ခြင်းခရစ်ယာန်အသင်းသို့ သွားရောက်ခဲ့ပြီး သိက္ခာတော်ရ ဆရာတော်ဦးအထွန်းနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နာဂယဉ်ကျေးမှုပြတိုက်ခန်းမ၌ လဟယ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက နာဂဒေသ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အခြေအနေများကိုလည်းကောင်း၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီများက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ပေးစေလိုမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဒေသအဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် လဟယ်မြို့မှ ခန္တီးမြို့သို့ရောက်ရှိကြပြီး ခန္တီးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံရာ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအခြေအနေများကိုရှင်းလင်းတင်ပြ၍ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီတို့က ဆောင်ရွက်ပေးစေလိုသည်များကို တင်ပြကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့က လိုအပ်သည်များကို ရှင်းလင်းဆွေနွေးပြောကြားကာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများသို့ လက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အတူ နယ်မြေခံတပ်နယ်ခန်းမသို့ သွားရောက်၍ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံနှုတ်ဆက်အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 04, 2025

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023