နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ကြည့်ရှုလေ့လာပြီး မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ကြည့်ရှုလေ့လာပြီး မြန်မာသံရုံး၊ စစ်သံရုံး ဝန်ထမ်းများနှင့် သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 20, 2025

နေပြည်တော် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၉ ရက် နေ့ (12th Beijing Xiangshan Forum) ဒုတိယနေ့ (နောက်ဆုံးနေ့) စုံညီအစည်းအဝေး တတိယပိုင်းနှင့် စတုတ္ထပိုင်း (3rd and 4th Plenary Session) တို့သို့ ဆက်လက်တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ညနေပိုင်းများတွင် ပေကျင်းအခြေစိုက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့ပြီး မောင်းသူမဲ့လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာပစ္စည်းများ၊ အီလက်ထရောနစ်စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများကို လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာသံရုံးသို့သွားရောက်၍ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မိသားစုများ၊ ပေကျင်းမြို့ရှိသင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသားများနှင့်တွေ့ဆုံကာ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ၎င်းတို့အတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် ပေကျင်းမြို့ရှိ Capital လေဆိပ်မှ တစ်ဆင့်လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် မြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 21, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 20, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 19, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 19, 2025
မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁)လုံးပါ Block of Stamp အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၁)မျိုးအားရောင်းချပေးမည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန / Posted on September 18, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 18, 2025
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု...