နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / April 21, 2026
နေပြည်တော် ဧပြီ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ၏ ၁၉-၄-၂၀၂၆ ရက်နေ့၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး လမ်းညွှန်မှာကြားချက်များ၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) နှင့်စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၆) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား ဝန်ကြီးဌာနရှိ အဓိကမောင်းနှင်အားများဖြစ်ကြသော ဝန်ထမ်းများအားလုံး သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုအခမ်းအနားကို ကျင်းပခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတက တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန် လိုအပ်ပြီး ကျေးလက်နေပြည်သူများ အဓိက လုပ်ကိုင်နေကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သမဝါယမစနစ် ကို မဏ္ဏိုင်ပြု၍ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်လမ်းတံတားများ ဖွံ့ဖြိုးရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိရေးအတွက် အခြေခံပညာအလယ်တန်းများတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံဘာသာရပ်များ သင်ကြားပေး လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေ မြှင့်တင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ လိုအပ်သည့် သွင်းအားစုများရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ ဆိုလာစနစ် လျှပ်စစ်ဓာတ်အား ရရှိရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ကြရေး၊ မွေးမြူရေးတွင်လည်း စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ပြောင်း၊ ဆန်ကွဲ၊ ဖွဲ တို့ကို အခြေခံသည့် တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ စနစ်တကျဆောင်ရွက်ပါက ဒေသတွင်းစားသုံးမှု ဖူလုံစေမည်ဖြစ် ကြောင်း၊ ဒီဂျစ်တယ်နည်းပညာခေတ်ဖြစ်၍ AI နည်းပညာအသုံးချနိုင်ရေး ဝန်ကြီးဌာများက လိုက်ပါ ဆောင်ရွက်ရန် လိုကြောင်း၊ အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး သမ/ကျေးလက်ကဏ္ဍမှ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်း၊ မိမိတို့ ဝန်ကြီးဌာနက ကျေးလက်ရေရရှိရေးလုပ်ငန်း၊ ဆိုတာရေတင်စနစ်ဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နွေစပါး၊ မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည့် သွင်းအားစုများကို တောင်သူလယ်ဝယ်အရောက် ဈေးနှုန်းသက်သာ စွာ၊ လုံလောက်စွာဖြင့် အချိန်မီရောက်ရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊
တင်ဒါခေါ်ယူရာတွင် သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းကိုက်ညီရန်နှင့် အချိန်ကြန့်ကြာမှု မရှိစေ ရေး ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဘဏ္ဍာ ငွေများကို အလေအလွင့်မရှိ ထိထိရောက်ရောက် အကျိုးရှိအောင် စနစ်တကျသုံးစွဲကြရန် မှာကြားခဲ့ကြောင်း ဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု တိုးတက်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး၍ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အလုပ်အပေါ် ဂုဏ်ယူတတ်စေရန်နှင့် စေတနာထားကာ တာဝန်သိသိ သစ္စာရှိရှိဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
ပြန်ကြားရေးဝန်ကြီးဌာန / Posted on April 10, 2026
