နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် အစရှိသည့် အခွန်အရပ်ရပ်ကို အပြည့်အဝကောက်ခံနိုင်ရန် လိုအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 27, 2024
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၆

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အကောက်ခွန်ဦးစီးဌာန၌ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနများ၏ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အကောက်ခွန်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုကိုတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

အပြည့်အဝကောက်ခံ

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်ဦးစီးဌာနရှိ အရာထမ်းများအား ဇေယျာသီဟခန်းမ၌ တွေ့ဆုံရာတွင် အကောက်ခွန်ဦးစီးဌာနသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ငွေများကို အဓိကရှာဖွေပေးရသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်သည့်အတွက် တာဝန်ရှိသူများအနေဖြင့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း တိကျစွာလိုက်နာကျင့်ကြံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် အစရှိသည့် အခွန်အရပ်ရပ်ကို အပြည့်အဝကောက်ခံနိုင်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသည့် အားလျော်စွာနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးအတွက် ကြိုးပမ်း တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ပြန်လည်ဆွေးနွေး

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) အစည်းအဝေးခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တွေ့ဆုံပြီးဌာနအလိုက် တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)မှ အရာထမ်းများအားတွေ့ဆုံပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေနှင့် ဖွံ့ဖြိုးရေးချေးငွေများ ထုတ်ချေးရာတွင်လည်းကောင်း၊ ချေးငွေများ ပြန်လည်ကောက်ခံရာတွင်လည်းကောင်း စနစ်တကျဆောင်ရွက်ရန်၊ ငွေကြေးအလွဲသုံးစားမဖြစ်စေရေး အဆင့်ဆင့်ကြီးကြပ်စစ်ဆေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့ / Posted on December 24, 2024

အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023