နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / March 09, 2026
image_latest


နေပြည်တော် မတ် ၇

            နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

         ဦးစွာ လယ်ဝေးမြို့နယ် သာစည်ကျေးရွာအဝင်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီ၏(ဖြည့်စွက်)ရန်ပုံငွေဖြင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိသည့် Box Culvert နှစ်စင်း တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေး မှာကြားခဲ့သည်။

         ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ် သရက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် သရက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး Steel Structure (ပေ ၂၀ x ၃၀) ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သာဝတ္ထိကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိကာ ကျေးလက်ကျန်းမာရေး ဌာနဝင်းအတွင်း ရေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ March 07, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

အများပြည်သူသို့ အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on March 07, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

ဗီဒီယိုများ