နေပြည်တော်၌ စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီအရောင်းဆိုင်ဖွင့်လှစ်ပြီး သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
နေပြည်တော်၌ စွမ်းအင်ဝန်ကြီးဌာနမှ ဓာတ်ဆီအရောင်းဆိုင်ဖွင့်လှစ်ပြီး သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 05, 2025
နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များအနက် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေးရှိ ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၃၅၄) ကို ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ပြီး သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်ဆီများကို ဒေသန္တရပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်အောင်က “ကျွန်မတို့ဌာနရဲ့ အဓိကတာဝန်က ပြည်တွင်းကနေထွက်ရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေတွေကို အသုံးပြုပြီး စက်သုံးဆီအမျိုးမျိုးနဲ့ ဓာတ်မြေဩဇာ ထုတ်လုပ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းထုတ်ဓာတ်ဆီတွေကို ပြည်သူတွေလက်ဝယ်အရောက် သက်သာတဲ့ဈေးနှုန်းနဲ့ရောင်းချ ပေးဖို့အတွက် အလေးထားဆောင်ရွက်ခဲ့ပါတယ်။ (၇၇) နှစ်မြောက် လွတ်လပ် ရေးကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့မှာ ဆိုင်ဖွင့်ပွဲကျင်းပပြီး ပြည်သူလူထုကို ဓာတ်ဆီတစ်လီတာ ငွေကျပ် ၂၂၀၀ နဲ့ စတင်ရောင်းချပေးနေပါတယ်။ ရောင်းချပေးတဲ့ ဓာတ်ဆီအမျိုးစားကတော့ (RON-68) ဖြစ်ပါတယ်။ ပြည်ပကတင်သွင်းပြီး ရောင်းချပေးနေတဲ့ ဆီဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဈေးနှုန်းသက်သာတဲ့အတွက် ပြည်သူတွေအသုံးပြုနေတဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ယာဉ်တွေအတွက် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တွေအပြင် အိမ်သုံး၊ လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်တွေ၊ စက်လှေတွေမှာလည်း အခုရောင်းချပေးနေတဲ့ ဓာတ်ဆီကို အသုံးပြုနိုင်ပါတယ်။ ဖွင့်လှစ်ချိန်ကတော့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ နေ့တိုင်းဖွင့်လှစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းစက်ရုံတွေက ထွက်ရှိတဲ့ရေနံကိုချက်ပြီး ရရှိလာတဲ့ဓာတ်ဆီကို ပြည်သူတွေအတွက် ပြန်လည်ရောင်းချတာဖြစ်တဲ့အတွက် ယုံယုံကြည်ကြည် သုံးစွဲနိုင်ပါတယ်။ ပြည်ထောင်စုဝန်ကြီး လမ်းညွှန် ချက်နဲ့အညီ ဝန်ကြီးဌာနအနေနဲ့ အများပြည်သူပိုင် သယံဇာတကနေတစ်ဆင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပြည်သူတွေ တိုက်ရိုက်ခံစားခွင့်ရရှိအောင်၊ ပြည်သူ့အကျိုးပြုစေမယ့် လုပ်ငန်းတွေကို စနစ်တကျနဲ့ အလေးထားဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
အလားတူ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းပိုင် သိုလှောင်ဖြန့်ဖြူးရေးဌာနအောက်ရှိ ဓာတ်ဆီအရောင်းဆိုင်များအနက် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်ဆီအရောင်းဆိုင်အမှတ် (၀၆၁၁)နှင့် (၀၆၁၄) ဆိုင်တို့ကိုလည်း ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ပြီး သုံးဘီးမော်တော်ဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်ဆီများကို ဒေသန္တရပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများထံ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
“အခုလို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကနေ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို အသုံးပြုပြီးထုတ်လုပ်ထားတဲ့ ဓာတ်ဆီကိုသက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးတဲ့အတွက် ကျွန်တော်တို့ သုံးဘီးမော်တော်ဆိုင်ကယ် အငှားလိုက်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။ အခုလိုသက်သာတဲ့ဈေးနှုန်း သုံးနဲ့ဝယ်ယူသုံးစွဲနိုင်တဲ့အတွက် ကျွန်တော်တို့ကလည်း ငှားစီးတဲ့ပြည်သူတွေကို ဈေးလျှော့ပြီး ပြေးဆွဲပေးလို့ရပြီ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိစေပါတယ်။ မိသားစုစားဝတ်နေရေးအတွက်လည်း အဆင်ပြေသွားမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်သွားသွား ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ပဲ သွားလာရတာ များပါတယ်။ ဒါကြောင့် အခုလိုဆိုင်တွေ နိုင်ငံတစ်ဝန်း ဖွင့်ပေးစေချင်တယ်။ ဒီလိုဖွင့်ပေးတဲ့အခါ အများပြည်သူတွေ ဓာတ်ဆီသုံးစွဲမှုအတွက် စိတ်မပူရတော့ဘဲ အားလုံးအဆင်ပြေသွားမယ်လို့ ထင်ပါတယ်” ဟု သုံးဘီးအငှားယာဉ်မောင်းနှင်သူ ကိုကျော်စွာက ပြောသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ဟင်းငုတ်ပင်ဓာတ်ဆီအရောင်းဆိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင် ဓာတ်ဆီအရောင်းဆိုင်တို့ကိုလည်း ယခုလအတွင်း ဆက်လက်ဖွင့်လှစ်၍ ပြည်သူများ ထံသို့ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ပြည်နယ်များနှင့် တိုင်းဒေသကြီးတို့တွင်လည်း ဆက်လက်တိုးချဲ့ ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဝန်ကြီးဌာနပိုင် ဓာတ်ဆီအရောင်းဆိုင်များ ဖွင့်လှစ်၍ ဖြန့်ဖြူး ရောင်းချခြင်းအားဖြင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးလွယ်ကူလာခြင်း၊ ပြည်သူလူထုများ နေ့စဉ်ပုဂ္ဂလိက စက်သုံးဆီအရောင်ဆိုင်များမှ ကြီးမားသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲရမည့်အစား သက်သာ သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲလာနိုင် သည့်အတွက် ဓာတ်ဆီဖိုးကုန်ကျစရိတ် သက်သာပြီး မိသားစုဝင်ငွေအထိုက်အလျောက် အထောက်အပံ့ရရှိခြင်း၊ ဆီစားနှုန်းသက်သာ၍ ကြာရှည်အမောင်းခံခြင်း၊ ဓာတ်ဆီဆိုင်တွင် တန်းစီစောင့်ဆိုင်း၍ ဆီဖြည့်ရသည့် အချိန်မကုန်ခြင်းကြောင့် အဘက်ဘက်တို့တွင် နှောင့်နှေးကြန့်ကြာမှုမရှိခြင်း၊ လုပ်ငန်းခွင်တွင် လုပ်ငန်းတာဝန်များ စိတ်ကြည်လင်စွာ လုပ်ဆောင်နိုင်ခြင်းနှင့် ပြည်တွင်းထွက် ဓာတ်ဆီအသုံးပြုခြင်းဖြင့် နိုင်ငံခြားမှဝယ်ယူတင်သွင်းရသည့် နိုင်ငံခြားသုံးငွေ အထိုက်အလျောက် လျှော့ချနိုင်ခြင်း စသည့်အကျိုးကျေးဇူး များရရှိမည်ဖြစ်ကြောင်း သိရသည်။
သတင်း-လုလင်ပျို၊ ဓာတ်ပုံ - ဖိုးပြည့်စုံ
သတင်းစာများ
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်၊ ဇန်နဝါရီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်၊ ဇန်နဝါရီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်၊ ဇန်နဝါရီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on January 03, 2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်" ၂၀၀ ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ် (၃) မျိုးအား ရောင်းချပေးမည်။
အများပြည်သူသို့ အသိပေးကြေညာချက်
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 06, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင်ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 06, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီးစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ...