နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ စတင်ကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 06, 2025


ဘားအံ - နိုဝင်ဘာ (၆)

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက် နေ့မွန်းလွဲ ၅ နာရီခွဲက ဘားအံမြို့၊သီရိကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအ ဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာဒုံးအကသမိုင်းကို ရှင်းလင်းပြောကြားပြီး ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဒုံးအဖွဲ့(၂၀)ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ဆိုသည့်အတိုင်း အားကြိုးမာန်တက်ကပြ ယှဉ်ပြိုင်၍ အကဲဖြတ်ဒိုင်များ၏ မှန်ကန်သောအဆုံးအဖြတ်ဖြင့် အဆင့်လိုက်ရမှတ်များကိုလက်ခံကာ အားသွန်ခွန်စိုက် ကြိုးစားပြိုင်ပွဲဝင်ကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုံရင်းတိုက်နယ်ကိုယ်စားပြု လှိုင်ကမ္ဘာကျေးရွာဒုံးအဖွဲ့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော် ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲ ပထမညယှဉ်ပြိုင်မှုကို မွန်းလွဲ ၆ နာရီက ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ကျင်းပရာ ဒုံးအဖွဲ့ (၁၀) ဖွဲ့ကမြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြသီဆို ဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲကို ဒုံးအဖွဲ့ ၂၀ ဖွဲ့ဖြင့် တစ်ဖွဲ့လျှင် တစ်ရက်ခြား နှစ်ကျော့ ယှဉ်ပြိုင်စေပြီး အကောင်းဆုံး ၁၀ ဖွဲ့ကို ရွေးချယ်၍ ထပ်မံယှဉ်ပြိုင်စေကာ တေးသီချင်းဆု၊ ဆုတောင်းတေး (ရာဓညာ)ဆု၊ ဒုံးအကဆုနှင့် ဘက်စုံထူးချွန်ဆုများကို ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အခမ်း အနား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့မုခ်ဦး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဌာနဆိုင် ရာပြခန်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပြခန်းများ၊ ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများ၊ အရောင်းပြခန်းများကိုလည်းကောင်း၊ ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရေး ဒုံးစင်မြင့်အားပြင်ဆင် ဆောင်ရွက်ထားမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ပါသည်။

 

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 06, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023