ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် စွမ်းအင်ဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်း
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် စွမ်းအင်ဝန်ကြီးဌာန အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2024
နေပြည်တော် ဒီဇင်ဘာ ၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ရတနာခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တက်ရောက်၍ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် မိမိတို့စွမ်းအင်ဝန်ကြီးဌာနမှ ဘောလုံး(ကျား)၊ ဘောလီဘော(ကျား) ၊ဖူဆယ်(ကျား)နှင့်ပိုက်ကျော်ခြင်း(ကျား) အားကစားလေးမျိုးတွင် အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမား ၇၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါကြောင်း။
ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲအသီးသီးတွင် အောင်မြင်မှုများရယူ၍ စွမ်းအင်ဝန်ကြီးဌာနဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြရန်လိုပါကြောင်း ပြောကြား၍ စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြုအားကစားအဖွဲ့ဝင်များကိုယ်စားအဖွဲ့ ခေါင်းဆောင်အား အောင်နိုင်ရေးအလံအပ်နှင်းပြီး ပြိုင်ပွဲဝင်အားကစားသမားများအတွက် ဖြည့်စွက်အာဟာရနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ကာ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။
အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/လုပ်ငန်းများမှ တာဝန်ရှိ စွမ်းအင်ဝန်ကြီးဌာနကိုယ်စားပြု အားကစားအဖွဲ့များမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 25, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်း (နောက်ဆက်တွဲ) စာရင်းကြေညာခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on December 24, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသည့် အငယ်တန်းစာရေးရာထူးနေရာ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
အခွန်အယူခံခုံအဖွဲ့ / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့ / Posted on December 24, 2024
အငယ်တန်းစာရေးရာထူးနေရာအတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း