ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေး ဝန်ထမ်း တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ လက်ကိုင်ဖုန်း နှစ်လုံးအား လုယက်ယူဆောင်
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေး ဝန်ထမ်း တစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ လက်ကိုင်ဖုန်း နှစ်လုံးအား လုယက်ယူဆောင်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / January 07, 2026
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ် များကို လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ရှားတောကြီးကျေးရွာနေ ရှမ်းစုကျေးရွာ အ ခြေခံပညာမူလတန်း ကျောင်းမှ မူလတန်းပြကျောင်းဆရာမ/ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမဲရုံအဖွဲ့ဝင်ဖြစ်သူ ဒေါ်ခင်ပုံ့ပုံ့ (၃၈)နှစ်၏နေအိမ်သို့ PDF အမည်ခံ အကြမ်း ဖက်သမား ၉ ဦးခန့် ရောက်ရှိလာပြီး ဒေါ်ခင်ပုံ့ပုံ့အား ရှာဖွေမေးမြန်းရာ နတ်တလင်းမြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်နေသဖြင့် လက်ကိုင်ဖုန်းဖြင့် ခေါ်ဆို၍ အကြမ်း ဖက်ခြိမ်းခြောက်ကာ ၎င်းနေအိမ်ရှိ လက်ကိုင်ဖုန်း နှစ်လုံးအား လုယက်ယူဆောင် သွားခဲ့ကြောင်း သိရသည်။
ထိုသို့ အစိုးရဝန်ထမ်းများကို လက်နက်အားကိုးဖြင့် အကြမ်းဖက်ခြိမ်းခြောက်၍ လက်ကိုင် ဖုန်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။
သတင်းစာများ
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 09, 2026
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။