ပျော်ဘွယ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြားနှင့် Happy Water များ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 11, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သတင်းအရ ပျော်ဘွယ်မြို့နယ်၊ တောင်ဂွကျေးရွာအနီးတွင် သာစည်မြို့နယ်မှ ပျော်ဘွယ်မြို့နယ်ဘက်သို့ ဖဝေး မောင်းနှင်ပြီး မျိုးမြင့်ဟန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ ၎င်းတို့ ၂ ဦး သယ်ဆောင်လာသည့် အက်တက်စီဆေးပြား ၁၁,၂၀၀ ပြား (တန်ဖိုးငွေကျပ်သိန်း ၆,၇၂၀)၊ Happy Water ၈ ကီလို (တန်ဖိုးငွေ ကျပ်သိန်း ၉,၆၀၀) နှင့် ကက်တမင်း ၀ ဒသမ ၀၉ ကီလို (တန်ဖိုးငွေကျပ် ၂၇ သိန်း)၊ စုစုပေါင်း ၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၆၃၄၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများအား သာစည် မြို့နယ်မှ ရန်ကုန်မြို့သို့ သယ်ဆောင်၍ KTV, BAR နှင့် CLUB များတွင် လူငယ်များအားရောင်းချရန် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်၊ စက်တင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ September 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 11, 2025

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on September 09, 2025

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023