ပြင်ဦးလွင်မြို့နယ်၌ Cherry Trail Run 2026 (Pyin Oo Lwin)ပြိုင်ပွဲကျင်းပ
ပြင်ဦးလွင်မြို့နယ်၌ Cherry Trail Run 2026 (Pyin Oo Lwin)ပြိုင်ပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2026
ပြင်ဦးလွင် မေ ၂
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ RUNderful Myanmar Group (Yangon) ၊ MARS Running Group (Mandalay) နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ပူးပေါင်းကျင်းပသည့် Cherry Trail Run 2026 (Pyin Oo Lwin) ပြိုင်ပွဲကို ယနေ့နံနက် ၅ နာရီ ခွဲက အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပ သည်။
ပြိုင်ပွဲတွင် ၃၆ ကီလိုမီတာ အမျိုးသားပြိုင်ပွဲဝင် ၂၂၈ ဦးနှင့် အမျိုးသမီးပြိုင်ပွဲဝင် ၆၇ ဦး၊ ၁၆ ကီလို မီတာအမျိုးသားပြိုင်ပွဲဝင် ၄၁၁ ဦးနှင့် အမျိုးသမီး ပြိုင်ပွဲဝင် ၂၄၀၊ နိုင်ငံခြားသား ပြိုင်ပွဲဝင် ၁၁ ဦး စုစုပေါင်း ၉၅၇ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ကြပြီး ၃၆ ကီလိုမီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲဝင်များအား ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ခုနစ်သိန်းနှင့် တတိယဆု ငါးသိန်းအားလည်းကောင်း၊ ၁၆ ကီလို မီတာပြိုင်ပွဲတွင် ဆုရပြိုင်ပွဲ၀င်များအား ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနှင့် တတိယဆုနှစ်သိန်းအား တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်သည်။
ပြိုင်ပွဲကို ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့် RUNderful Myanmar Group (Yangon)၊ MARS Running Group (Mandalay)နှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အားကစားသမား ဟောင်းများလူမှုရေးအသင်းတို့မှ တာဝန်ရှိသူတို့က အလံချိုး၍ ပြိုင်ပွဲဝင်ကစားသမားများအား တာလွှတ်ပေးသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဇော်၊ ပြင်ဦးလွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သွေးသွေး(ပြန်/ဆက်)
သတင်းစာများ
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 02, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 01, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
ပြန်ကြားရေးဝန်ကြီးဌာန / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 30, 2026
