ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / December 01, 2025
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာအတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများတွင် လျှောက်ထားနိုင်ပါသည်-
စဉ်
ရာထူး/လစာနှုန်း
ဦးရေ
ပညာအရည်အချင်း
(က)
ဒု-စာရင်းစစ်မှူး
(လစာနှုန်း၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)
၈၅
၁၄
-စာရင်းပညာနှင့်သက်ဆိုင်သော B.Com, B.Act,
ဘွဲ့တစ်ခုခုရရှိထားသူ / အခြားဘွဲ့ + ဒီပလိုမာ
စာရင်းကိုင်လက်မှတ် (DA) ရရှိပြီးသူ
- ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) / ကွန်ပျူတာနည်းပညာဘွဲ့
(B.C.Tech)
၂။ လျှောက်ထားသူများသည်-
က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
ခ) ၃၀ - ၁၁ -၂၀၂၅ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါ
ကအသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
ဂ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
) ခန့်ထားခြင်းခံရသူများသည် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိ ခံဝန်ချက် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အခြားဌာနများသို့ ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခြင်းကို ခွင့်မပြုပါ။
စ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထား ခွင့်မရှိပါ။
၄။ အောက်ဖော်ပြပါ သတ်မှတ်လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်-
က) အမည်
ခ) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
ဂ) မွေးသက္ကရာဇ်
ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
င) ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်
စ) မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်
ဆ) အိမ်ထောင်ရှိလျှင် ခင်ပွန်း/ဇနီးအမည်
ဇ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန
ဈ) နိုင်ငံ့ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်
ည) ဆက်သွယ်ရန်လိပ်စာနှင့်ဆက်သွယ်ရမည့် ဖုန်း / Viber နံပါတ်နှင့် Email Address (ရှိလျှင်)
ဋ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံဖော်ပြရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များအား ပူးတွဲ ပေးပို့ရပါမည်-
က) ဘွဲ့လက်မှတ် မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
(ခ) အသက်အထောက်အထားအတွက်တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ
(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
ဂ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ပြန်တမ်းဝင်အရာရှိတစ်ဦး၏ ထောက်ခံချက်မူရင်း (၃လအတွင်း)
ဃ) နိုင်ငံ့ဝန်ထမ်း မဟုတ်သူများအတွက် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း ထောက်ခံချက် မူရင်း (၃လအတွင်း)
င) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း (၃လအတွင်း)
စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
ဆ) ၃ လအတွင်းရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံ
(ဓာတ်ပုံကျောဘက်တွင်အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးသားရန်)
(ဇ) မည်သည့်ဒေသမဆိုသွားရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်းကတိပြုလွှာ(ကွန်ပျူတာဘွဲ့ များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ် ရုံးများတွင်သာ ခန့်ထားမည်)
၆။ လျှောက်ထားသူသည် ရေးဖြေ၊နှုတ်ဖြေစာမေးပွဲများကို အပိုဒ်(၁)ဖော်ပြပါရုံးများ၌ ဖြေဆိုရမည် ဖြစ်ပါသဖြင့် လျှောက်လွှာများကို ဖြေဆိုလိုသည့်စာစစ်ဌာနရှိရာ ရုံးများသို့ ၂၈-၁၂-၂၀၂၅ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ မှတ်ပုံတင်(အမြန်ချောပို့)စနစ်ဖြင့်ဖြစ်စေ ပေးပို့လျှောက်ထား နိုင်ပါသည်။သတ်မှတ်ရက် နောက်ပိုင်းမှ လက်ခံရရှိသည့် လျှောက်လွှာများနှင့် ပြည့်စုံမှုမရှိသည့် လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
၇။ လျှောက်ထားသူများသည် ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန်ဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို အချိန်မီစေရန် ကြိုတင်မိတ္တူဟု ရေးသားပေးပို့နိုင်ပါသည်။
၈။ ရေးဖြေစာမေးပွဲကို ဘာသာရပ်တစ်ခုလျှင် (၂)နာရီ မေးခွန်းဖြင့်(၁၇ - ၁ - ၂၀၂၆)ရက် နံနက် (၉:၀၀နာရီမှ ၁:၀၀နာရီ)ထိ အင်္ဂလိပ်စာနှင့် မြန်မာစာဘာသာရပ်များကိုလည်းကောင်း၊ မွန်းလွဲ (၂:၀၀ နာရီ) တွင် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း နေပြည်တော်စာစစ်ဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာစစ်ဌာနများတွင် ကျင်းပမည်ဖြစ်ပါသည်။ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ စာစစ်ဌာနနှင့် ခုံအမှတ်တို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Websiteနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံး စာစစ်ဌာနများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ကတ်ပြားများကို ၁၄ - ၁ -၂၀၂၆ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး /ပြည်နယ်စာစစ်ဌာန များတွင် ဖြေဆိုသူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၌လည်းကောင်း၊ နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုသူများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၂)၊ နေပြည်တော်၌လည်းကောင်း ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ရုံးချိန်အတွင်း ထုတ်ယူရပါမည်။စာမေးပွဲဖြေဆိုသည့်နေ့မှ လာရောက်ထုတ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကို ဤရုံး၏ Websiteဖြစ်သော www.oagmac.gov.mmနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးစာစစ်ဌာနများတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၁၁။ ဤရုံးတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ( ၅ )နှစ်မပြည့်မီ ဝန်ထမ်းအဖြစ်မှ နုတ်ထွက်လိုပါက လျော်ကြေးငွေ ကျပ် ၃,၀၀၀,၀၀၀ (ကျပ်သိန်းသုံးဆယ်တိတိ)၊ ပေးသွင်းပြီးမှ နုတ်ထွက် ခွင့်ပြုမည် ဖြစ်ပါသည်။
၁၂။ အသေးစိတ်သိရှိလိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၂)၊ နေပြည်တော် (ရုံးချုပ်)၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၇၂၈၈၊ ၀၆၇-၄၀၇၇၆၃၊ ၀၆၇-၄၀၇၃၃၄နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာ အတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများတွင် လျှောက်ထားနိုင်ပါသည်-
စဉ်
ရာထူး/လစာနှုန်း
ဦးရေ
ပညာအရည်အချင်း
(က)
လက်ထောက်စာရင်းစစ်မှူး
(လစာနှုန်း၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀)
၁၉၂
- စာရင်းပညာနှင့်သက်ဆိုင်သော B.B.A, B.B.M,
B.B.Sc(A&F)ဘွဲ့တစ်ခုခုရရှိထားသူ
၂။ လျှောက်ထားသူများသည်-
() ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
() ၃၀ - ၁၁ -၂၀၂၅ ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါ
ကအသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
() ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဃ) ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
) ခန့်ထားခြင်းခံရသူများသည် အနည်းဆုံး ၅ နှစ် တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိ ခံဝန်ချက် လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး အခြားဌာနများသို့ ဌာနကူးပြောင်းတာဝန် ထမ်းဆောင်ခြင်းကို ခွင့်မပြုပါ။
စ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း (Dismissal) ခံရသူများ လျှောက်ထား ခွင့်မရှိပါ။
၄။ အောက်ဖော်ပြပါ သတ်မှတ်လျှောက်လွှာပုံစံဖြင့်သာ လျှောက်ထားရမည်-
() အမည်
() နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
() မွေးသက္ကရာဇ်
() လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ
() ပညာအရည်အချင်းနှင့်အောင်မြင်သည့်ခုနှစ်
() မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ၎င်းတို့၏အလုပ်အကိုင်
() အိမ်ထောင်ရှိလျှင် ခင်ပွန်း/ဇနီးအမည်
() နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်နှင့်ဌာန
() နိုင်ငံ့ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ်
ည) ဆက်သွယ်ရန်လိပ်စာနှင့်ဆက်သွယ်ရမည့် ဖုန်း / Viber နံပါတ်နှင့် Email Address (ရှိလျှင်)
ဋ) အမြဲတမ်းနေရပ်လိပ်စာအပြည့်အစုံဖော်ပြရမည်။
၅။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များအား ပူးတွဲ ပေးပို့ရပါမည်-
() ဘွဲ့လက်မှတ်မိတ္တူ (မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
() အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ
(မိတ္တူမှန်ဖြစ်ကြောင်း လက်မှတ်ရေးထိုးရန်)
ဂ) ပါတီနိုင်ငံရေးကင်းရှင်းကြောင်း ပြန်တမ်းဝင်အရာရှိတစ်ဦး၏ ထောက်ခံချက်မူရင်း (၃လအတွင်း)
ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်း ထောက်ခံချက် မူရင်း (၃လအတွင်း)
င) လိပ်စာဖော်ပြပါဒေသတွင် အမှန်နေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်မူရင်း (၃လအတွင်း)
စ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ
ဆ) ၃ လအတွင်းရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံ
(ဓာတ်ပုံကျောဘက်တွင်အမည်နှင့်နိုင်ငံသားစိစစ်ရေးအမှတ်ရေးသားရန်)
ဇ) မည်သည့်ဒေသမဆို သွားရောက်တာဝန်ထမ်းဆောင်နိုင်ကြောင်း ကတိပြုလွှာ
၆။ လျှောက်ထားသူသည် ရေးဖြေ၊နှုတ်ဖြေစာမေးပွဲများကို အပိုဒ်(၁)ဖော်ပြပါရုံးများ၌ ဖြေဆိုရမည် ဖြစ်ပါသဖြင့် လျှောက်လွှာများကို ဖြေဆိုလိုသည့်စာစစ်ဌာနရှိရာ ရုံးများသို့ ၂၈-၁၂-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ မှတ်ပုံတင်(အမြန်ချောပို့) စနစ်ဖြင့်ဖြစ်စေ ပေးပို့လျှောက်ထား နိုင်ပါသည်။သတ်မှတ်ရက် နောက်ပိုင်းမှ လက်ခံရရှိသည့် လျှောက်လွှာများနှင့် ပြည့်စုံမှုမရှိသည့် လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ လျှောက်ထားသူများသည် ဝန်ထမ်းဖြစ်ပါက မိမိတာဝန်ထမ်းဆောင်နေသည့် ဌာနမှတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှ လျှောက်ထားရန်ဖြစ်ပြီး လျှောက်လွှာတစ်စောင်ကို အချိန်မီစေရန် ကြိုတင်မိတ္တူဟု ရေးသားပေးပို့နိုင်ပါသည်။
၈။ ရေးဖြေစာမေးပွဲကို ဘာသာရပ်တစ်ခုလျှင် (၂)နာရီ မေးခွန်းဖြင့် (၁၇ - ၁ - ၂၀၂၆)ရက် နံနက် (၉:၀၀နာရီမှ ၁:၀၀နာရီ)ထိ အင်္ဂလိပ်စာနှင့် မြန်မာစာဘာသာရပ်များကိုလည်းကောင်း၊ မွန်းလွဲ (၂:၀၀ နာရီ) တွင် အထွေထွေဗဟုသုတဘာသာရပ်ကိုလည်းကောင်း နေပြည်တော်စာစစ်ဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာစစ်ဌာနများတွင် ကျင်းပမည်ဖြစ်ပါသည်။ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ စာစစ်ဌာနနှင့် ခုံအမှတ်တို့ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Websiteနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံး စာစစ်ဌာနများတွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၉။ ဖြေဆိုခွင့်ကတ်ပြားများကို ၁၄ - ၁ -၂၀၂၆ ရက်နေ့မှစတင်၍ တိုင်းဒေသကြီး /ပြည်နယ်စာစစ်ဌာန များတွင် ဖြေဆိုသူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများ၌လည်းကောင်း၊ နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုသူများအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၂)၊ နေပြည်တော်၌လည်းကောင်း ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ရုံးချိန်အတွင်း ထုတ်ယူရပါမည်။စာမေးပွဲဖြေဆိုသည့်နေ့မှ လာရောက်ထုတ်ယူခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများ၏ အမည်စာရင်းနှင့် လူတွေ့စစ်ဆေးမည့် အစီအစဉ်ကို ဤရုံး၏ Websiteဖြစ်သော www.oagmac.gov.mmနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးစာစစ်ဌာနများတွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၁၁။ လက်ထောက်စာရင်းစစ်မှူးရာထူးနေရာအတွက် ယင်းရာထူးကို ကျောထောက်နောက်ခံထား၍ ဒု-လက်ထောက်စာရင်းစစ်မှူးရာထူး (လစာနှုန်းကျပ်၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)တွင် အလုပ်သင်ကာလ အဖြစ်(၆)လခန့်ထားပြီး လုပ်ငန်းဆောင်ရွက်မှု ကျေနပ်မှုရှိပါက လက်ထောက်စာရင်းစစ်မှူးရာထူးနေရာ တွင် ခန့်ထားမည်ဖြစ်ပါသည်။
၁၂။ ဤရုံးတွင် အနည်းဆုံး(၅)နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ( ၅ )နှစ်မပြည့်မီ ဝန်ထမ်းအဖြစ်မှ နုတ်ထွက်လိုပါက လျော်ကြေးငွေ ကျပ် ၁,၅၀၀,၀၀၀ (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ) ပေးသွင်းပြီးမှ နုတ်ထွက်ခွင့်ပြုမည် ဖြစ်ပါသည်။
၁၃။ အသေးစိတ်သိရှိလိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအမှတ်(၁၂)၊ နေပြည်တော် (ရုံးချုပ်)၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၇၂၈၈၊ ၀၆၇-၄၀၇၇၆၃၊ ၀၆၇-၄၀၇၃၃၄နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းစာများ
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on November 29, 2025

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန / Posted on November 26, 2025