ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်အတွင်း တိရစ္ဆာန်များထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် ဥယျာဉ်သာယာလှပရေးဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / January 20, 2025


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀-၁-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ သစ်တောသုတေသနဌာန၊ ရေဆင်းသို့ သွားရောက်၍ ဧည့်ရိပ်သာဆောင် ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တိရစ္တာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် နက္ခက်တာရာပြခန်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နေပြည်တော် တိရစ္တာန်ဥယျာဉ်နှင့် ဆာဖာရီဥယျာဉ်အား အများပြည်သူတို့ လာရောက် အပန်းဖြေအနားယူနိုင်ရန်၊ ဗဟုသုတရစေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ‌ဂေဟစနစ်သဘောတရားများကို ပြည်သူများအကြား သိရှိနားလည်စေရန် ရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများ သတ္တဗေဒနှင့် ရုက္ခဗေဒဆိုင်ရာပညာရပ်များ လေ့လာသင်ယူမှုနှင့် သုတေသနဆိုင်ရာ လုပ်ငန်းများအတွက်လည်း များစွာ အထောက်အကူပြုကြောင်း၊ ဥယျာဉ်အတွင်းရှိ တိရစ္ဆာန်များ၏ ကျန်းမာရေးအား ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သွားရန်နှင့် အစားအစာများအား သတ်မှတ်ချက်များနှင့်အညီ ဂရုတစိုက် ကျွေးမွေး စောင့်‌ရှောက်သွားရန်လိုကြောင်း၊ ထို့အပြင် ရှားပါး၍ မျိုးသုဉ်းရန် အန္တရာယ်ရှိသည့် မျိုးစိတ်များအား မျိုးဆက်ပြန့်ပွားနိုင်ရန်အတွက် ထိန်းသိမ်းမွေးမြူသွားရန်ဖြစ်ပါကြောင်း၊ ဥယျာဉ်စိမ်းလန်းသာယာလှပရေးအတွက် လိုအပ်သော ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြန်လည်ပြုပြင်မှုများအား ပုံမှန်စစ်ဆေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း  မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိရစ္ဆာန်ဥယျာဉ်အတွင်း ပြကွက်တစ်ခုချင်းအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြုပြင်ဆောင်ရွက်နေမှုများ၊ နက္ခတ်တာရာပြခန်း ပြကွက်များနှင့် ဆာဖာရီဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 20, 2025

နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 20, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ် ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို...

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on January 18, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ခန့်ထားခြင်း

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023