ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / February 05, 2025
နေပြည်တော် ဖေဖော်ဝါရီ ၄
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာလမ်းဖွင့်ပွဲနေရာ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများက သစ်ဆိမ့်ပင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းလုပ်ငန်းဆောင်ရွက်ထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
ယင်းနောက် ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးလက်ကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနား အား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ရည်မှန်းချက်များနှင့် အမျိုးသား ဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၏ ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များအား အချိန်ကုန်သက်သာ လွယ်ကူစွာဖြင့် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန် ကုန်ထုတ်လမ်းများ ဖောက်ပေးခြင်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်ဆိမ့်ပင်ကျေးရွာ ကုန်ထုတ်လမ်း အရှည် (၅၇၀၀) ပေကို ပြည်ထောင်စုရန်ပုံငွေကျပ် ၃၂ ဒသမ ၈၉၃ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပြီး သစ်ဆိမ့်ပင်ကျေးရွာရှိ တောင်သူ(၄၅)ဦး၏ စိုက်ပျိုးဧက(၁၀၀)ခန့်ကို အကျိုးပြုပေးနိုင်မှာဖြစ် ကြောင်း၊ ဖောက်လုပ်ပြီး ကုန်ထုတ်လမ်းကို ကျေးရွာသူကျေးရွာသားများက အကျိုးရှိရှိ အသုံးပြုပြီး တစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်း၊ တစ်ရပ်ကွက်ချင်း၊ တစ်မြို့ချင်း အဆင့်ဆင့်ဖွံ့ဖြိုးရေးအတွက် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူများအနေဖြင့် ရာသီအလိုက် မိမိတို့ဒေသနှင့် ကိုက်ညီသော သီးနှံများစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးမြေ အရည်အသွေး ကောင်းမွန်အောင် စနစ်တကျ ပြုပြင်ရေး၊ စိုက်ပျိုးရေဖူလုံစွာရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်ရေးတို့ အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တောင်သူများ လိုအပ်သည့် နည်းပညာများအား ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်လင်းပြောကြားပြီး ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သက်ဆိုင်ရာ တာဝန်ရှိသူ များက လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များပေးအပ်ကြပါသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာရှိ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသို့ သွားရောက်ပြီး ဆောင်းသီးနှံ အဖြစ် စိုက်ပျိုးထားသော TBL9(တီဘီအယ်လ်နိုင်း) မတ်ပဲစိုက်ခင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ ချိုင်းကျေးရွာ အဆင့်မြင့်လယ်ယာထုတ်ကုန်သမဝါယမအသင်းမှ တောင်သူ ဦးအောင်ကျော်ခင်၏ ရေဆင်းစပ်မျိုး-၁ ဆောင်းနေကြာစိုက်ပျိုးထားရှိမှု အား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသားများ၊ ဆီထွက်သီးနှံ နေကြာစိုက်တောင်သူ များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှစားသုံးဆီ တင်သွင်းမှုလျော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရန် နိုင်ငံတော်အကြီးအကဲမှ မူဝါဒလမ်းညွှန်ထားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကဏ္ဍအနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသူများအား နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၂ သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ သွင်းအားစုဓာတ် မြေဩဇာများ ကို အရည်အသွေး မှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထွက်ရှိလာသော သီးနှံများအား ဈေးကွက်ရရှိရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒါ့အပြင် သမဝါယမချေးငွေများ၊ မြစိမ်းရောင်(နေကြာဆီထွက်သီးနှံ) စီမံကိန်းမှ ချေးငွေ များဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာ စိုက်ပျိုးခြင်းမှရရှိသည့် တစ်ဧကအထွက်နှုန်းများကို စနစ်တကျမှတ်သားထားပြီး စိုက်ပျိုးသည့် နေကြာမျိုးအလိုက် တစ်ဧက ကုန်ကျစရိတ်၊ တစ်ဧက အထွက်နှုန်း၊ တွက်ခြေကိုက်မှု ရှိ၊ မရှိ၊ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ပြီး ဆက်လက်စိုက်ပျိုးသည့်အခါတွင် အားနည်းချက် များကို ပြုပြင်၍ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းသားများ စိုက်ပျိုးထားသော ဆောင်းနေကြာစိုက်ခင်းများမှ ထွက်ရှိလာသော နေကြာများအား သမဝါယမအသင်းပိုင်ဆီစက်များမှ ပွဲစားမလိုဘဲ တိုက်ရိုက်ဝယ်ယူကြိတ်ခွဲပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီးနောက် အသင်းသားတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်းစံပြကျေးရွာသို့ သွားရောက်ပြီး နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် စိုက်ပျိုးရေတင်နေမှုအခြေအနေများ၊ သမဝါယမအသင်းသားများ စိုက်ပျိုးထားသော ဆောင်းနေကြာ စိုက်ပျိုးထားရှိမှု အခြေအနေများ အား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာတောင်သူများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရမှ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဒေသခံ တောင်သူများ အနေဖြင့် စိုက်ပျိုးနိုင်သည့် မြေများတွင် ရာသီအလိုက် သီးနှံများ သီးထပ်(၃)သီး အမှန်တကယ် စိုက်ပျိုးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒါမှသာစိုက်ပျိုးရေအတွက် ကုန်ကျမှု အပေါ် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အကျိုးအမြတ်များ ပြန်လည်ရရှိမှာဖြစ်ပြီး လုပ်ငန်းဆောင်ရွက် ခဲ့ခြင်းအတွက်ထိရောက်အကျိုးရှိမှာဖြစ်ကြောင်း၊ ဆောင်ရွက်ပေးထားသည့် ရေရရှိရေးလုပ်ငန်း များအား လည်ပတ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင် စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လိုက်နာရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ်များ လမ်းညွှန်ချက်များကို စနစ်တကျလိုက်နာ ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်၍ ကျေးရွာခေါင်းဆောင်များမှလည်း အမှန်တကယ် စည်းရုံး ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီးနောက် အသင်းသား တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
သတင်းစာများ
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၄ ရက် ၊အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၃ ရက် ၊တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 03, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
ပြန်ကြားရေးဝန်ကြီးဌာန / Posted on February 04, 2025
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင် (၇၀)ခု၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်များအား ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ / Posted on February 04, 2025
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ အသိပေးကြော်ငြာခြင်း