ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန/ နေပြည်တော် / April 14, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် နေပြည်တော်ရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန် အတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ယာယီပြောင်းရွှေ့ဝန်ထမ်းမိသားစုများနှင့်အတူ နှစ်သစ်ကူး အေးချမ်းသင်္ကြန် စတုဒီသာ အလှူတော်အား တက်ရောက်အားပေးသည်။
၁၄-၄-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် သစ်တောဦးစီးဌာနဝင်းအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းမိသားစုများ ရွှေ့ပြောင်းနေထိုင်ရန်အတွက် အိပ်ဆောင်နှင့် ၃ ခန်းတွဲ နေအိမ်များ တည်ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းနေအိမ်များအား မိုးမကျမီ အချိန်မီပြီးစီးရေးနှင့် ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် ၁၉ နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနရုံးအတွင်း ဝန်ထမ်းမိသားစုများနေထိုင်ရန် ယာယီအဆောက်အအုံများ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်မနားမြို့ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၂) သင်တန်းကျောင်းသို့ သွားရောက်၍ ငလျင်ဘေးဒဏ် ပြန်လည်တည်ထောင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သစ်ခွဲသားများ စုပုံထားမှုအခြေအနေနှင့် သစ်ခွဲသားများ ရောက်ရှိမှုအခြအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၂) သင်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းရုံးနှင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းရှိ သစ်တောသုတေသနဌာနအတွင်း ပြုလုပ်သော နှစ်သစ်ကူး အေးချမ်းသင်္ကြန်နှင့် စတုဒီသာ အလှူတော်များအား ယာယီပြောင်းရွှေ့ဝန်ထမ်းမိသားစုများနှင့်အတူ တက်ရောက်အားပေးခဲ့သည်။
သတင်းစာများ

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Downloadကြေငြာချက်များ
အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၅) အကောက်ခွန်နှုန်းလျော့ချသတ်မှတ်ခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / Posted on April 10, 2025
Myanmar National Human Rights Commission Statement No. (4/ 2025)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 04, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/၂၀၂၅)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် / Posted on April 04, 2025